ဆရာဇော်ဂျီရဲ့ ဖန်ပြာခွက်နဲ့ေ ကျာက်စက်ရေဆိုတဲ့ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာကို တင်စားပြောတာဟာ ဒီနေ့မှာ မမှန်တော့ဘူးလို့ ထင်ပါတယ်။
ဖန်ပြာခွက်ဆိုတဲ့ ခွက်ဥပမာဟာ ပုံသေဆန်ပါတယ်။
ခွက်ရှိနေရင် ဘာထည့်ထည့်ပေါ့။
လေးလုံးစပ်လို ပုံသေပုံစံဆိုရင်တော့ ဒီဥပမာနဲ့ ကိုက်ကောင်းကိုက်ပါလိမ့်မယ်။ လေးလုံးစပ်ဆိုတဲ့ ပုံသေထဲ အကြောင်းအရာ လိုက်ရေးရုံပဲ။ လေးလုံးစပ်ပုံစံထဲဝင်အောင် အကြောင်းအရာကို
ကာရန်နဲ့ ညှိယူရုံပဲ။
ရေတံခွန်အောက်မှာ ဖန်ပြာခွက်လေး ကွဲခဲ့လေရော့သလား။
မော်ဒန်/ခေတ်ပေါ်ရဲ့ အရှိန်/အဟုန်လိုင်းတွေကို လေးလုံးတစ်ကြောင်းနဲ့ မချုပ်နိုင်တော့ဘူး။ တဟုန်ထိုးလာနေတာကို ၄-၃-၂ က မနိုင်တော့ဘူး။ အကြောင်းအရာ ချဲ့လိုက်ရင် ပုံသဏ္ဍာန်ဟာ ပြောင်းရတာပါပဲ။ ပြီး၊ ၄-၃-၂ နဲ့ စကားပြောရစ်သမ်။ ၄ ပြီး ၃ ပြီး ၂ မဟုတ်တော့ဘူး။
၎ မဟုတ်ပဲ ၇ လည်းဖြစ်နိုင်တယ် (ဝဏ္ဏ ၇ လုံး)။
ဒုတိယလိုင်းဟာ ၁၀ ဝဏ္ဏ ဖြစ်နိုင်တယ်၊ ကာရန်မချိတ်။
လိုင်းတစ်လိုင်းထဲမှာပဲ
ဘာတွေကို ဘယ်လိုတွေထည့်မလဲ။
အဲသလို။
ပုံသဏ္ဍာန်ကို ပုံစံနဲ့မရောသင့်ဘူး ထင်ပါတယ်။
ပုံစံဖြစ်တဲ့ ပုံသဏ္ဍာန်ဟာ အသေ။
ဖွဲ့စည်းမှုဖြစ်တဲ့ ပုံသဏ္ဍာန်ဟာ အရှင်။
ဖွဲ့စည်းမှုဖြစ်တဲ့ ပုံသဏ္ဍာန်ဟာလည်း တစ်ချိန်မှာ ပုံသေပုံစံ ပုံသဏ္ဍာန် ဖြစ်သွားနိုင်ပါတယ်။
ကာရန်ကနေ ကာရန်မဲ့ကနေ ပို့စ်တ်ကာရန်မဲ့။
ဖွဲ့စည်းမှုဟာ အကြောင်းအရာနဲ့
ပြောလိုပုံ/ တင်ပြလိုပုံကို လိုက်ပြီး
အရှင်ဖြစ်ပါတယ်။
အရှင်လို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။
ပုံသေရေးဖွဲ့ပုံ မရှိတော့တဲ့အတွက် တစ်လိုင်းပြီးရင်
နောက်လိုင်းဘာလာမလဲ၊ ဘယ်လိုလာမလဲဟာ
ရင်ခုန်စရာနဲ့ အံ့ဩမှုကို ပေးစွမ်းရာ။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
၁၆ ဖေ ‘၁၈