မိမိတို့ရဲ့ အနက်ရှိုင်းဆုံးထဲက
ယင်းဟာ ထလာတယ်
ပျောက်ဆုံးသစ်ကိုင်းတွေကြား
တိုက်ခတ်တဲ့လေ
သူ့စိုစွတ်အော်ငိုသံနဲ့ မိမိတို့ကို နာကျင်စေတယ်
ဦးခွံရိုးတစ်ခုစီထဲ လှောင်ထားတဲ့ သမုဒ္ဒရာလို
လူအချင်းချင်းကြား ပေါလောမျောနေတဲ့
ချိတ်ဆက်မှုပင်လယ်တစ်စင်း ရှိတယ်
စကားပြောဆိုခြင်းဟာ ထိတွေ့မှုဖြစ်တဲ့နေရာ
ပြီး ကြိုဆိုတဲ့လက်ဟာ သူ့တိတ်ဆိတ်မှုကို
မူလအတိုင်း ပြန်တိတ်ဆိတ်သွားစေတယ်
နက်မှောင်နေလုံးတို့ကြောင့် နွေးထွေးတဲ့ သမုဒ္ဒရာ
ကမ်းခြေမဲ့ ပင်လယ်အော်ထဲက
နက်ရှိုင်းနိမိတ်ပုံဟာ ပေါ်လာတယ်
ပျောက်ဆုံးသစ်ကိုင်းတွေကြားက ကဗျာဆရာဟာ
ဒီနေရာမှာ အောက်ကိုလှမ်းယူတယ်
တွေ့မြင်မှုတစ်ခုရဲ့ ပစ္စက္ခ
အဲဒါကဗျာပုဒ်ပဲ
အဲတော့မှပဲ ပေါလောမျောနေတဲ့ လောကကြီးဟာ
သူ့အမှောင်ထဲသူ ပြန်နစ်မြုပ်သွားတော့တယ်
ကျန်ရစ်ခဲ့တာက
အဖြူရောင်အရိပ် နဲ့
မိမိတို့ အတူတကွရှိနေခဲ့ခြင်းတဒင်္ဂရဲ့ ပီတိသောမနဿ
Jerome Rothenberg – Deep image အသုံးအနှုန်းကို တီထွင်သူ
Poems from the Floating World (1960) မှ