နာစစ္စပ်စ်မျက်ရည်ကျတာဟာ
သူ့မျက်ရည်ထဲမှာ သူ့ကိုယ်သူ
ပြန်မြင်ချင်လို့လား
နာကျင်မှုက မွေးထုတ်လိုက်တဲ့
သူ့မျက်ရည်ထဲ သူဟာ မျက်နှာမြင်ချင်လို့လား
ခွက်ထားတဲ့ လက်ဖဝါးထဲ
ပုလဲလုံးလို လိမ့်နေတဲ့ မျက်ရည်လုံးထဲမှာ
သူ့မျက်နှာဟာ ပေါ်လိုက်ပျောက်လိုက်
သမီးပျိုခြင်ထောင်ထဲက ထွက်လာတဲ့
ဖခင်ရဲ့ချွေးတွေကတစ်ဆင့် ရှိုက်သံတွေဟာ
ဖခင်ထဲ စိမ့်ဝင်သွားကြတာ
နာစစ္စပ်စ် မျက်မြင်ကိုယ်တွေ့ပဲ
နာစစ္စပ်စ် ဘာကြောင့် ငိုသလဲ
နာစစ္စပ်စ် ဘယ်သူ့အတွက် ငိုသလဲ
နာစစ္စပ်စ်က ငိုတတ်သတဲ့လား
ဇယလ
၎ ဇန် ‘၁၈