Dominant ကြီးစိုးလွှမ်းမိုးသော၊ residual အနည်ကျလာသော၊အနည်ထိုင်လာသော၊ နဲ့ emergent ထွန်းသစ်ပေါ်ပေါက်လာသော ဆိုတဲ့သဘောဟာ အမြဲရှိနေတဲ့ အနုပညာဖြစ်စဉ်ထဲက ဖြစ်တည်မှုတွေဖြစ်တယ်။
ကဗျာမှာလည်းထိုနည်း၎င်း။
ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ တစ်ဦးစီရဲ့ Poetry Politics ကဗျာဆိုင်ရာ အင်အားထူထောင်မှု၊ အင်အားသုံးစွဲမှု၊ အင်အားဖြန့်ကျက်မှုနဲ့ ဆိုင်ပါတယ်။
ကဗျာဟာ politics ရဲ့ အဓိပ္ပါယ်(၃)ခုစလုံးနဲ့ မကင်းဘူး။
၁။ နိုင်ငံတော်အာဏာရေးရာ။
၂။ ပြည်တွင်းနဲ့ပြည်သူရေးရာ။
၃။ အင်အားထူထောင်သုံးစွဲမှုရေးရာ။
ဒီမကင်းရာမကင်းကြောင်း(၃)ချက်မှာ ပုံသဏ္ဍာန်ဖွဲ့စည်းမှုဟာ political သဘောကို ပြသပုံပြသနည်းလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် Content သမားတွေ ဘယ်တော့မှ နားလည်မှာမဟုတ်ကြတဲ့ Form is Content, Form is Political ဆိုတာ ကဗျာမှာ အရှိတရားဖြစ်တယ်။
ကာရန်ကို စွန့်လိုက်ခြင်းရဲ့ political သဘောဟာ ကြီးမားတဲ့ဖြစ်ရပ်ပါ။ dominant ဖြစ်လာတဲ့အထိ။
ထွန်းသစ်ပေါ်လွင်စ ကဗျာတွေဟာ သူတို့ရဲ့ ကွဲပြားခြားနားမှုကို ကာကွယ်ရတာဟာလည်း political ပဲ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။ ။
ဇယလ
၂၆ ဒီ ‘၁၇