စောက်သုံးမကျတဲ့ စောက်ရူးတွေ စောက်ရူးမတွေကတော့
စောက်စကားထဲစောက်ကုန်ကူးကြပြီးစောက်ရည်တွေပလူးကြမှာပဲလေ။
ဇုနတ်မင်းကလည်းအိုလင်မ်ပတ်စ်တောင်မှာ
သူယောင်သူထားခဲ့ပြီးလောကီဘဝမှာမျက်စိကျရာအမ ဆော်တော့တာပဲ။
ငန်းမလီဒါဆိုဘာတက်ဆော်လို့ဆော်မှန်းမသိလိုက်ခင်
ဝ ဘ ယေ့တ်စ် ကဗျာရသွားခဲ့သလိုပေါ့။
ကြွယ်ဝလှပပြီး ဘာမှမသေချာတဲ့ မရေရာတဲ့ အရာပဲပေါ့။
မြင်သမျှဟာ သင်္ချာလို့ ထင်မိရင် ဘင်ခရာတပ်ကြီး တကယ်တီးလာတာ
ဒုန်ချပ်ချပ်ဒုန်ချပ်ပဲ နေမှာပေါ့၊ ဟဲ့ ငစောက်ထုံရဲ့။
ပကတိရဲ့ ပကာသားကို အရှိတရားထင်ကြလော့လေ။
ဘယ်အဆင့်ရဲ့ ဘယ်ထောင့်ချိုးမှာ ဘယ်အဓိပ္ပါယ်ဟာ ဘယ်ကမ္ဘာကို
ဘယ်လိုဘလိုးဂျော့ဘ်ပေးနေလဲသိလား။
သိလို့ရေးရင်သိတဲ့ကဗျာဖြစ်ပြီးမသိလို့ရေးရင်မသိတဲ့
ကဗျာဖြစ်သလား။မသိတဲ့ကဗျာဘက်ကိုယ်နေတာပိုတောင်
ပိုနေပါဦးမယ်၊ဦးခွံရိုးထဲကခြေဖနောင့်ရေ။
ဆန်းကြယ်တဲ့ လမ်းသွယ်တွေထဲ မရောက်ဖူးပဲဗြဲလျမ်းထတဲ့
လှည်းလမ်းမပေါ်ဖုတ်တထောင်းထောင်းနဲ့ညောင်းပါလေ။
အိုလင်မ်ပတ်စ်ဟာ လိုချင်တပ်မက်မှုရဲ့ဂျိုအရှင်ခတ်တာပဲ။
မငြိုငြင်ရင် အကြိုစင်မြင့်မှာ ဘန်းကလေးကိုင် ကတ်ကြေး
လေးကမ်းပြီး အမြှေးကိုပူဖောင်းကြိုးမှာချိတ်ပြီး အမျှဝေ
လိုက်ပါတော့လေ။ အဆုံးစွန်မှာ လိုရာအဓိပ္ပါယ်ဟာသွက်
သွက်ခါရူးသွပ်ပြီး ဘုရားသခင်ရဲ့ချေးဟာ သီချင်းထဆိုသလိုပေါ့။
အဲဒီထဲကပေါရာဏကို သူတို့အမည်ထင်တဲ့ စောက်ရူးတွေ၊
စောက်ရူးမတွေ၊ လူဖြစ်ကျိုးနပ်ကြသလို အလိုလေး
ကောင်းလှောင့်တေး ကောင်းလှောင့်တေး
လှိမ့်တောင်းကြဦးမှာပဲလေ။ လီဒါလိုများ အပျိုစင်
ငမ်းဖင်မထဲ နတ်ဧကရာဇ်ရဲ့ နတ်သုက်ကောင်တွေ
နတ်လှောင်ကျောင်းကနေ အငမ်းမရမြန်းများရရင်ဖြင့်။
ကိုယ်စိတ်လျှော့ပါ့မယ်။ စိတ်ဖိစီးမှုတွေ မဖြစ်စေချင်တာ
တကယ်။ ကိုယ်ဝိတ်လျှော့လိုက်ဦးမယ်။ ကိုယ့်ဆီးစပ်မှာ
အားလုံးဟာ ဘဝတပြင်တည်း။ ဇုနတ်ချုပ်ဟာ နတ်ယမကာ
ယစ်ပြီး ဒစ်တကြောအတိုင်း အဲသလိုလည်းပြောတတ်တယ်။ ။
ဇယလ
၎ ဒီ ‘၁၇