အဲဒီတုန်းက ပြောခဲ့တုန်းက အခုပြန်တွေ့ရတဲ့အခါ
ဘယ်သူဟာ အဲ့ဒီတုန်းက ဘယ်သူဘာသေးလဲ။
တစ်ယောက်ဟာ သူ့အနမ်းကို နှုတ်ခမ်းပေါ်မှာ ပြန်ရှာတယ်။
အလွမ်းရဲ့ ခြောက်သယောင်းပတ်ကြားအက်နှုတ်ခမ်း။
စကားလုံးနဲ့မက ရေးဆွဲပြခဲ့တဲ့ အဲဒီရွှေမြို့တော်။
လူရည်လည်သူတစ်ယောက်ကတော့ လူရာဝင်ပြီး
လူတောထဲမှာ မင်းကို အချောဆွဲခဲ့ပေါ့။
ဥပဒေဟာ တရားကို လက်ထိပ်ခတ်လိုက်တယ်။
စခန်းရောက်မှ ရှင်းမယ်တဲ့။ နောက်မတွေ့တော့ဘူး။
စိတ်ကကူးပေမယ့် ရုပ်ကကန်ခံခဲ့ရပေါင်း များပါပြီ။
ကိန္နရာနာကို ကိန္နရီချောင်းခြားလိုက်ပြီပဲ။
ညက နှုတ်ခမ်းမှာ ဆေးလိပ်ကျလုတေ့ရင်း မှေးစင်းပြီး
အခြစ်ရှိလားမေးလာသူ
မီးချစ်ဟာ လက်ထဲ အငွေ့ပျံသွားခဲ့တယ်။
တစ်ယောက်ဟာ သူ့မြို့တော်ကို မီးလောင်ဇာတ်သွင်း
ပစ်လိုက်ပြီး တစ်ယောက်က အညှော်ခံပြီး
ဒီဇိုင်းရေးဆွဲခဲ့တဲ့စက္ကူကို ဆက်လုံးချေနေတယ်။
ရုပ်ရှင်ထဲမှာပါ။
ဘဝမှာ ဇာတ်ဆောင်တွေပဲ မဟုတ်ဘူးလား။
ဇယလ
၂၇ နိ ‘၁၇