Poeisis ဟာ ဂရိစကားက ဆင်းသက်တယ်။ မူရင်းအဓိပ္ပါယ်က to make ‘ပြုလုပ်’။ ဒီနေ့ သုံးနေတဲ့ ‘poetry’ ဆိုတဲ့ မူရင်းအဓိပ္ပါယ်။ မူရင်းက ကြိယာဖြစ်တယ်။ ‘လောကကြီးကို အသွင်သဏ္ဍာန်ပြောင်းပြီး ဆက်လက်တည်မြဲစေတဲ့’ ဆောင်ရွက်မှု။ ယင်းအမှုကို ပြုလုပ်သည်။ ရိုမဲန်တစ်က် ဖန်တီးမှုသဘော၊ နည်းဗေဒသဘောတွေ မပါဝင်၊ မပါရှိ။ “စဉ်းစားတွေးခေါ်ခြင်း၊ ဥာဏ်အလုပ်လုပ်ခြင်းအားဖြင့် စိတ်၊ ရုပ်နဲ့ ကာလတရားတို့ကို ပြန်လည်ပေါင်းစည်းဖို့”နဲ့ လူသားဖြစ်မှု (လူသားဆန်မှု) ကို ကမ္ဘာလောကကြီးရဲ့ သဘာဝ (ခေးအော့စ်) ဖြစ်စဉ်ထဲ ပြန်ပေါင်းစပ်ဖို့။
ဒါကို ဆလာဝါ ဈီဈက် Slavoj Zizek အမြင်မှာတော့ လူပုဂ္ဂိုလ်ဟာ သူ့ “မိမိပုဂ္ဂလအတ္တ self” ပေါ်လာရေးကို မြှင်တင်ဖို့နဲ့ အနုပညာအားဖြင့် ထို “မိမိပုဂ္ဂလအတ္တ self” ကို ပကတိ အရှိတရား လောကကြီးရဲ့ ဖရိုဖရဲဖြစ်နေမှု chaos နဲ့ “တစ်သားတည်းပြန်ဖြစ်ဖို့”။
ဈီဈက်ပြောတဲ့ ပထမကိစ္စဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒုတိယကိစ္စမှာ ကျွန်တော်ထင်တာကတော့ ဘဝရဲ့ chaos ဆန်မှု ကို လောကရဲ့ chaos ဆန်မှုနဲ့ ချိတ်ဆက်မြင်ဖို့ ကိုးစားခြင်း ဖြစ်ပါတယ်။ ဒီလိုမြင်ခြင်းဟာလည်း “ကဗျာ” ဆိုတဲ့ Poetry နာမ်သဘော၊ ဓာတ်သဘော၊ အနုပညာသဘော နဲ့ poem ကဗျာပုဒ် ပြုလုပ်ခြင်းသဘောတို့ရဲ့ “အဟ”ကို ရုတ်တရက် လျှပ်ကနဲ မြင်လိုက်ခြင်းဖြစ်တယ်လို့ ထင်ပါတယ်။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
၂၄ နို ‘၁၇