ဝါးမြိုပစ်လိုက်ပြီး
အမှောင်ဟာကားကို
ဝါးမြိုပစ်လိုက်တယ်
ထွေးထုတ်လိုက်တဲ့အစအနတွေထဲမှာ
ကားပေါ်ပါလာသူတို့ရဲ့
ဘိလပ်မြေအခဲလေးတွေ
သံတိုသံစတွေ
ကတ္တရာအမာအခေါက်လေးတွေ
နဲ့
ဟိုဘက်ရောက်ချင်တဲ့
အလင်းမှုန်လေးတွေ
ဟိုခုန်ဒီခုန်
တစ်မိုးလုံးကိုကူးချင်ကြတဲ့
ပိုးစုန်းကြူးဘဝတွေ
အလင်းတွေကုန်သွားလို့ ပြာကျသွားတဲ့အခါ
ပြာဟာဓာတ်တွေနဲ့ဆက်ပေါင်း
ကားမောင်းသူရဲ့နှာခေါင်းထဲအာရုံတစ်ခုဝင်လာတယ်
လမင်းကြီးကသာလို့
စဥ့်အိုးကြီးကပြောင်လို့
တံတားဟာလူရှင်းနေသမို့
လီဗာကိုမိုင်ကုန်နင်းလိုက်တယ်
နောက်ဆုံးမြင်လိုက်တာ
အဆန်းအကြယ်တွေအလား
အစိမ်းရောင်ပိုးစုန်းကြူးလေးတွေဖြစ်တယ်။ ။
ဇယလ
၇ နိုဝင်ဘာ ‘၁၇