မအိပ်ခင်ပုံပြင်မှတ်

အခုညဘာစံတော်ချိန်ဟာဝိုင်နီပဲ
လောကကြီးမှာမကောင်းတာဘာဖြစ်ဖြစ်
သူ့ကြောင့်ဖြစ်ရတာလို့ထရော်မာကြီးနေတဲ့
ငှက်မကြီးတစ်ကောင်လက်ဆောင်ပေးတဲ့ဝိုင်နီ
ကြာရွက်ပေါ်တင်နေတဲ့ရေထဲ
မရရအောင်တိုးဝင်အိပ်စက်တဲ့ငါးကို
မကြာခဏတွေ့ရတတ်တယ်
အလျဉ်မီရင်ကြာရွက်ကိုလှုပ်ပြီး
ရေထဲပြန်မောင်းလိုက်ရတယ်
အိပ်မောကျတာမှသာမန်ကုတင်တစ်လုံးပေါ်
ယောင်ဝါးဝါးလူလာဖြစ်နေရတာနဲ့ကြုံရ
အဲသလိုယောင်နနထလာပြီးမီးဖိုချောင်ထဲ
ပွက်ပွက်ဆူအောင်ပြုတ်ပြီးလို့အဆီဝေ့နေတဲ့
နွားနို့ပူပူလေးတစ်ခွက်ဟာကိုယ်နဲ့တစ်သားတည်း
သောက်ပါဦးလားပဝေသဏီကြာရွက်ပေါ်ကဝိုင်နီ
ပြောရဦးမယ်ဆိုရင်တော့အဲဒီကြာရွက်မှာ
ကိုယ်နောက်ကျသွားရင်
မလှုပ်မယှက်နဲ့ပြုံးပြုံးကြီး
သေနေတဲ့ဒေါင်းငါးမဟုတ်ရင်ဆွာ့ဒ်တေးလ်
သူတို့ကိုသူတို့ပျော်ပျာ်ကြီးသတ်သေတတ်ကြတယ်ဆိုတာ
သူတို့သေပြမှကိုယ်သိရတယ်
အဲလိုပါပဲမဟုတ်လား
ဟုတ်ပါတယ် အဲသလိုပါပဲလေ
ဘယ်သူသိမှာလဲ
ဘယ်သူသိစရာလိုလဲလေ
ကြာရွက်ပေါ်ကဝိုင်နီထဲနွားနို့သောက်ပြီးအိပ်စက်ခြင်း
ထာဝရရဲ့တဒင်္ဂလေးမှာကိုယ့်မှာမောပမ်းလှတဲ့
ပါးဟက်နဲ့။ ။

ဇယလ
၅ နိုဝင်ဘာ ‘၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>