ဒီည ပင်းဂ် ထူးဆန်းနေတယ်

အိမ်ပြန်ရောက်ပြီးထိုင်နေကျထိုင်ခုံထိုင်တာနဲ့
ကိုယ့်ခြေထောက်ကိုထူးထူးခြားခြားနမ်းတော့တယ်
ဘာလဲ ခအအနဲ့ပဲန်မြန်မာဝပ့်ရှောပ့်အနံ့ရလို့လား
လာမယ့်စာပေညီလာခံပွဲကိုကိုယ် No လို့ငြင်းပစ်လိုက်လို့လား
သွေးတိုးဟာဘလက်က်ရှီးလ်ဒ်နဲ့ဆိုင်သလား
ဧရာဝတီပွဲမှာဟိုလူဖိတ်မှလူဖြစ်သလား
ကဗျာဟာသမဂ္ဂနဲ့ဆိုင်သလား
ကိုယ်သောက်မယ့်ဆေးလိပ်ဟာကမ္ဘာဦးနဲ့ဆိုင်သလား
ကိုယ်ချစ်တဲ့သူတွေဟာကိုယ့်ရဲ့နာမ်ကိုယ်ပွားတွေလား
ဆိုင်ကကြောင်ကလေးကိုကဗျာအကြောင်း
ပြောနေရင်းအသားတွေကိုယ်ဖဲ့ကျွေးချခဲ့တယ်
ဒါဆိုလည်းရှင်းတယ်ပဲန်မြန်မာဝပ့်ရှောပ့်လုပ်မယ်ပေါ့
ဟေ့လူ ခအအ ဟုတ်တယ်သေချာတယ်
ခေါင်းစဉ်တောင်ပြောလိုက်ဦးမယ်
“ကဗျာကိုကဗျာနဲ့တုန့်ပြန်ခြင်း”

ဆီဇာ ဗာလေယို ရောဘတ်ဟာ့စ်
အဲသလိုတွေနဲ့မြန်မာကဗျာမှာကိုယ်သောက်လိုက်တယ်
အဲသလိုတွေနဲ့ပဲခြေမှာလာပွတ်တဲ့အဝါရောင်ကြောင်လေး
အဲသလိုနဲ့ပဲလောကီလောကုတ္တရာ
အဲသလိုနဲ့ပဲသွေးတိုးလို့ဆိုပြီးခင်္ဗျားပြန်သွားတယ်
အဲသလိုနဲ့ပဲကဗျာတွေဟာကဗျာတွေဖြစ်လာကြတယ်
ကြောင်ဝါလေးရှိသလိုကဗျာတွေဟာရှိကြတယ်
နတ္ထိရှိသလိုအနတ္တတွေလည်းရှိကြတယ်
နိရှေးရှိသလိုအနုပဋိလောမလည်းရှိခဲ့တယ်
လိုင်းတစ်လိုင်းပြီးနောက်တစ်လိုင်းမှာ
အရာရာတွေရှိကြတယ်
အမေ့အလောင်း
မျက်ခုံးမွေးဆွဲပေးဖို့လည်းရှိကြတယ်
ပစ္စုပ္ပုန်တစ်ခုပြီးပစ္စုပ္ပန်တွေရှိကြတယ်
ပိုအမ်ဆိုတာနဲ့ပိုအက်ထြီဟာကွဲပြားတယ်
ရုပ်နာမ်ခန္ဒာဟာနာမ်ရုပ်ခန္ဒာနဲ့ဟိုဘက်ဒီဘက်ပဲ
သိသူသိသလိုနဲ့မသိသူမသိသလိုရေနက်ပိုင်းခြားတယ်
ကိုယ်တွေဟာဒီနေ့ကိစ္စပဲလုပ်နေကြတာမဟုတ်ဘူး
ကိုယ်တွေဟာယာယီနေပြီးပြောသွားကြမှာသာ
ကြောင်ဝါလေးခြေလာပွတ်တာသူများအတွက်
ကြောင်ပဲပေါ့
ရေပေါ်မှာမီးတွေလောင်နေတာလည်းငပိအိပ်မက်ပေါ့
ကဗျာပေါ်တဇောက်ကန်းနေသူတွေလည်းကြယ်တွေ
အပြစ်ပေါ့
အနံ့တွေရနေတယ်လို့မပြောပဲ
ပြောနေတဲ့ကိုယ့်ကြောင်ကလေးပင်ပင်းဂ်စကားပေါ့
ခအအ ရေ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
သားရေ မေမေအကြားအမြင်ရနေပြီလို့. အတည်ပြောတဲ့
စကားမျိုး
ကဗျာပြောပြောကြကြစို့ရဲ့
ချိန်းလိုက်လေ ကမ္ဘာကြီးတစ်ခုလုံးခုတ်ပိုင်းပြီး
လောကတစ်ခုလုံးဝါးလုံးခေါင်းထဲလ,သာနေတုန်းရဲ့
ဘဝဆိုတာစဓပါမှပြည့်စုံတယ်
ပင်းဂ်လာပြောနေတာကိုဘာသာပြန်မိရဲ့

ဇယလ
၂၀ အောက်တိုဘာ ‘၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>