ဇွဲနဘဲနဲ့သစ္စာကြီးစွာလှိမ့်တင်ရှာတယ်
တောင်ထိပ်ပေါ်ကိုယ့်ကိုဆစ္စီးဖတ်စ်
ကိုယ့်ကိုဆစ္စီးဖတ်စ်ဟာဇွဲနဘဲနဲ့တောင်ထိပ်ပေါ်
သစ္စာကြီးစွာ ဝဋ်ကြီးစွာ
လှိမ့်တင်
ကိုယ်ဟာတောင်ထိပ်မှာမနေချင်တာလား
တောင်ထိပ်ဟာကိုယ့်ကိုမလိုချင်တာလား
ကိုယ့်မှာလိမ့်ရ
ကိုယ့်မှာလိမ့်ဆင်းကျရကိုယ့်မှာ
တောင်ထိပ်နဲ့မတန်သူလား
ကိုယ်လိမ့်ဆင်းသွားရာနောက်
ဆစ္စီးဖတ်စ်ဟာသိတဲ့အတိုင်းပဲလေချွန်တကောက်ကောက်
လေဟာလည်းချွန်မြမလာဘူး
ကိုယ်ဟာလည်းကျောက်တုံးဘဝ
ကိုယ်တို့မှာဝဋ်ကြီးစွ
အို…အကိုဆစ္စီးဖတ်စ်
ဇယလ
၁၆ အောက်တိုဘာ ‘၁၇