ခေတ်ပြိုင်ရဲ့ ရေသောက်မြစ်/ စီးကြောင်းတစ်ကြောင်းဟာ ပုံသန္တာန်အားဖြင့် “juxtaposition of disjunctive fragments” “ကြောင်းကျိုးဆက်စပ်ယုတ္တိမဲ့ အပိုင်းအစများကို ယှဉ်တွဲချိတ်ဆက်ခြင်း” ဖြစ်တာ အလွယ်တကူတွေ့နိုင်ပါတယ်။
တစ်လိုင်းထဲမှာပဲ ဝါကျဖွဲ့ထုံးကို ဖျက်ထားတာ၊ မတူညီတဲ့ ဒစ္စကော့စ်တွေကို တွဲချိတ်တာ၊ နိမိတ်ပုံကို သဘာဝယုတ္တိကနေ ထုတ်ယူတာမဟုတ်ပဲ စိတ်ကူးဥာဏ်ထဲက လုပ်ယူတာတို့ရဲ့ ချိတ်ဆက်တပ်စင်မှုတွေ။ သရုပ်မှန်နည်းကို တမင်ဆန့်ကျင် ရေးသားဖွဲ့စည်းခြင်းရည်ရွယ်ချက်နဲ့ ဆက်စပ်နေပါတယ်။
high- modernism ရဲ့တက္ကနိတစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် တစ်ပုဒ်လုံးနဲ့ခြုံကြည့်ရင် တက္ကနိတူတာပဲရှိပြီး ရည်ရွယ်ချက်နဲ့ သုံးစွဲပုံတွေ ကွာပါတယ်။ modernism က တစ်လုံးတစ်စည်းဖြစ်မှု၊ မတူတဲ့ ကွဲပြားချက်တွေကနေ ထင်ဟပ်မှု၊ ညီညွတ်မှုဆီ ဦးတည်မှုတို့ကိုတွေ့ရတယ်။ ခေတ်ပေါ်မှာလိုပဲ ‘အပိတ်’ကိုလိုချင်တယ်။ပြီးရမယ်။ပိတ်ရမယ်။ “ပန်းတိုင်”ကို ရောက်ရမယ်ပေါ့။
ခေတ်ပြိုင်ကအဲသလိုမှမဟုတ်တာ။ ‘အပွင့်’ နေမယ်။ အပိုင်းအစဟာ တစ်ခုလုံးထက် အရေးကြီးရင်ကြီးနေမယ်။ ညီညွတ်ပေါင်းစည်းမှုကို လုပ်မယူဘူး။
“ထင်ဟပ်ချက်”ထက် “ပြုလုပ်ချက်” ဖြစ်တယ်ဆိုတာကိုလည်း ပြချင်တာဖြစ်တယ်။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
ဇယလ
၂၉ ဩဂုတ် ‘၁၇