ဘာဟီရ စကားစမြည်

ပြောပြပါဆိုလို့မို့လည်းပြောပြလိုက်ပါတယ်။
သူ့အတ္တနောမတိနဲ့ကိုက်ညီတာလေးတွေပဲ
သူကိုက်ဖြတ်ယူသွားတယ်။
ပြီးသူကပဲပြောသေး..ခင်္ဗျားပြောတာဟာမရှင်းဘူးတဲ့။
အနီးဆုံးဓာတ်တိုင်ပဲသေးသွားကော့ပမ်းလိုက်တော့ကွယ်
လို့ပြောချင်ပေမယ့် “ကဲ၊ဘယ်အပိုင်းမရှင်းတာလဲ”။
အဲသလိုမေးလိုက်တော့ သူပဲရှုပ်ရတယ်။
ကိုယ်ဟာခွက်ကိုမော့လိုက်ပြီးညကြယ်တွေကိုပဲ
ကြည့်နေလိုက်တော့တယ်။
ကြယ်တွေဟာကိုယ့်ကိုဘာမှမဆက်သွယ်ဘူး။
ကိုယ်ကလည်းကြယ်တွေကိုကိုယ့်အတွက်အသုံးမချလိုဘူး။
သီးခြားကမ္ဘာတွေလာထပ်ကြတာလာထွေးကြတာတွေရှိတယ်။
ပြောပြပါဆိုလို့နဂါးပတ်လမ်းကြောင်းကနေ
ကိုယ့်ဆီရောက်လာတဲ့နွေစီးအကြောင်းပြောပြတယ်
နွေသစ်မှာအဓိပ္ပါယ်ခွတာပြောပြတယ်
နွေစိမ်းတစ်ခုတုန်းကမိန်းမပျိုတစ်ယောက်ရဲ့
ဘီဒိုထဲဝင်ပုန်းခဲ့ရပြီးသူ့အမေထွက်သွားမှ
ဘီဒိုတံခါးဖွင့်ပေးပြီးလူကိုအိပ်ရာပေါ်တခစ်ခစ်နဲ့လှဲချခဲ့တာ။
နွေကိုဘာနဲ့မဆိုချိတ်တွဲဆက်စပ်လို့ရတယ်ဆိုတာ။
ကိုယ်ဟာခွက်ကိုမော့ရင်းကြယ်တွေကိုကြည့်ဖို့ပြင်လိုက်တယ်။
ကြည့်လိုက်တော့ခွက်ထဲအရက်မရှိတော့ဘူး။
သူ့ထဲကြယ်တွေမရှိတော့ဘူး။
ညထဲထည့်သိပ်စရာအဓိပ္ပါယ်လည်းမကျန်ရှိတော့
နွေညထံဆက်ကြေးပေးပြီးထပြန်ကြရုံပဲပေါ့။
ကြယ်တွေဆီသွားမလို့ လို့ပြောပြီးသူထွက်သွားလိုက်တယ်။
ကိုယ်ဟာရေထဲတစ်လွှာချင်းဆီဆင်းသွားတာ
သူသာမြင်ခဲ့ရင်လူကိုဘာတွေမေးဦးမလဲ။
နွေမြက်ရှည်ထဲနွေဟာတရှဲရှဲလှိမ့်နေခဲ့တာမြင်ဘူးတယ်။ ။

ဇယလ
၁၁ ဂျူလိုင် ‘၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>