မီးခိုးရေဆေးနဲ့ မျှောတဲ့နေ့
တမြေ့မြေ့ပဲ တနစ်နစ်စိမ့်ဝင်နေဆဲကို
နေ့စဉ်တွေ့နေကျ ကျီးတွေတောင်
ရွှဲနစ်မိုးကာ တအီအီနဲ့အာနေတယ်
ဟိုးမိုးမြင့်တိုက်ကြီးတွေလည်း
ငယ်ထိပ်မှာ ရေဝပ်လို့
မိုးပန်းချီကားတစ်ချပ် ဆွဲချင်တာပဲသိတယ်
ပြတင်းမှန်မှာ သူကဆွဲပြီးနှင့်ခဲ့ပြီ
အစက် အပြောက် အစီး အရွေ့ အဆင်း
နေ့ချင်းလဲမလား
သာယာထဲမှာ လေပြည့်လား
ကြိုးစင်လှေခါးထစ်ပေါ်က
တွန့်ဆုပ်ခြေသံ မမှန်သလို
မိုးဟာ သတိရခြင်းစကားကိုလည်း
ကားဟွန်းဆူညံသံတွေရဲ့ မှုန်မှိုင်းထဲမှာ
အလင်းစဝါဝါလေး ရုတ်တရက်။ ။
ဇယလ
၇ ဇွန် ‘၁၇