တနလ်ာ၊ ၂၆ ဂျူလိုင် ‘၁၅ ပဲန်မြန်မာ ကဗျာဝပ်ရှော့ “ဖတ်သူအကြိုက်နှင့် ကဗျာအကြောင်း”မှာ ဆွေးနွေးခဲ့တာ
ကဗျာတစ်ပုဒ်ပုဒ်ပေါ်ဖတ်သူရဲ့ကြိုက်ခြင်း/မကြိုက်ခြင်း ဆိုတာ အချက် ၅ ချက်ပေါ်မူတည်ပါတယ် ——
၁။ ဖတ်သူရဲ့သဘောထား (ကဗျာအနုပညာပေါ်/ကဗျာဆရာပေါ်)
၂။ ဖတ်သူရဲ့ကဗျာအနုပညာဆိုင်ရာသိမှုကျယ်ပြန့်မှု
၃။ ဖတ်သူရဲ့ကဗျာအနုပညာနှင့်ထိတွေ့မှုအတိုင်းအဆ
၎။ ဖတ်သူရဲ့ကဗျာဖတ်ခြင်းအတွေ့အကြုံသက်တမ်း
၅။ ဖတ်သူရဲ့ကဗျာဖတ်နည်းသိမှုတွေ့ကြုံမှု
နံပါတ် ၂ မှ ၅ ပြောင်းရင် နံပတ် ၁ ပါ လိုက်ပြောင်းကောင်းပြောင်းပါတယ်။ အဲသလိုပြောင်းရင်ကြိုက်ခြင်း/ မကြိုက်ခြင်းပါ လိုက်ပြောင်းကောင်းပြောင်းနိုင်ပါတယ်။ အစွဲအလန်းဆိုတာကတော့ လူပဲလေ။
ကျွန်တော့်ပင်ကိုအကြိုက်ကတော့
၁။ လတ်ဆတ်မှု
၂။ အခုန်အကူးအဖြတ်အတောက်ဖြတ်လတ်မှု
၃။ ဥာဏ်–ခံစားမှု မျှတမှု
တို့ဖြစ်ပါတယ်။
အနုပညာရပ်ဖြစ်တဲ့အတွက် ဓမ္မဓိဌာန်ထက် ပုဂ္ဂလဓိဌာန်ဖြစ်ခြင်းကို အလေးထားပါတယ်။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။ ။