ဖွင့်ဟပေါက်ကွဲရေးသမားရဲ့ဗုံးဆံထဲကငါတွေ

အနာဂတ်ဆီကမက်ဆေ့ဂ်ျဝင်လာတယ်
ဒါဟာနောက်ဆုံးပေးပို့ချက်ပဲတဲ့
သူလာရင်သောက်ဖို့ချပေးထားတဲ့ကိုကာကိုလာဗူးထဲမှာ
ရိုလာကိုစတာခံစားမှုများ ကမ္ဘာမြေပေါ်ကလုံးလုံး
ပျောက်ဆုံးသွားခဲ့တဲ့လေယာဉ်ဘယ်နှစင်းထဲမှာ
ရှေးထုံးမူအရ ငါဟာ ဒဲ့ဒိုး argonaut ပဲ ဂျေဒိုးနပ်ထဲမှာ
This is My Voice ဖြစ်တယ် ဒီမှာ douchebagရေ
This is MyVoice Poem ပဲ ဒွာရအီးပိတ်ရေ
မပယ်ဘူးငါ့ကိုငါ မလွယ်ဘူးငါ့ကိုငါ ပစ်ချလို့မရတဲ့
ငါ့ဖြစ်တည်မှုဝါယာတွေ ချစ်ပ်တွေ ပစ္စေကဗုဒ္ဒတွေ
ငါဟာအခြားတစ်ခုဖြစ်တယ် ငါဟာရဲမ်ဘောရဲ့
တတိယဘောဖြစ်တယ် ဒီလန်သောမတ်စ်ပူးနေတဲ့
ငါ့ခြေသည်းလက်သည်းတွေမှာကဗျာတွေလာညွတ်ကျရတယ်
ငါ့ဒွိဟပဲဟင်းထဲ ငါ့အင်ဒီတာမီနေစီအိမ်သာရေလောင်းစနစ်
ငါ့ဦးနှောက်ညာဘက်ခြမ်းမှာငါ့ဟိုက်ပိုသဲလမတ်စ်
ကမ္ဘာကြီးနဲ့မတည့်တဲ့ငါ့ဦးနှောက်သွေးကြောတွေထဲမှာ
ငါ့အဲန္ဒရိုမီးဒါး ငါ့ရဲ့ လစ်ရစ်က်/ အဲန်တီလစ်ရစက်
ဖိုမဝါယာကြောထဲမှာ ငါ့ကိုချစ်တဲ့အမစ်ဂ်ဒါးလား
ငါလဲရင်ငါ့ကိုလွှဲခုတ်တဲ့မသိစိတ်ရဲ့ပွင့်ချပ်ဓါးချက်တွေ
လူမှုဆက်ဆံရေးဆူးခြုံထဲငါ့ကိုမွေးချလိုက်တဲ့အမ်ဗီဂွီတ
ဂွေးတောက်ရွက်ဟင်းချိုအေးစက်ထဲဘုရားသခင်ရဲ့သုက်
အိုဇုန်းလွှာအပေါက်ထဲငါ့ကိုပြေးခိုင်းတာ
စမ်းသပ်ခံကြွက်တစ်ကောင်ထဲကင်ဆာဆဲလ်တွေမွေးထားတဲ့
မျက်မမြင်ဘုရားသခင်ရဲ့လျှာပေါ်ကအနာတွေ
ငါ့အနာဂတ္တသျှတ္တရကိုငါမတ်ထပြဖို့လိုသေးလား
ငါ့ကို text ပဲလို့ပြောတာဘယ် text ထဲက sex လဲ
ဟေ့ကောင်..မင်းဘာမဂ္ဂါဟတ်ဇ်… မင်းဘာဟဇ္ဇဘိုလာ
ဒီညမှာလိုင်းကောင်းနေမှမင်းတက်မလာဘူးဒုံးကျည်ရေ
တောင်ပံပါတဲ့လူမျိုးမရွေးဘာသာမရွေးထဲ
မင်းဟာဓနရှင်ရဲ့ကမ္ဘာ့ဈေးကွက် KFC ကြက်ကျော်ပဲ
ငါဟာမုန်းသူပေါ်မီးလောင်ဗုံးကလပ်စတာ
ချစ်သူပေါ်လေပြင်းထဲကမီးစလောင်းရဲ့အလောင်း
ပါဝါလိုင်းတွေမှာဓာတ်မစီး ပါဝါရိန်းဂျားတွေဟာပါဝါဘိန်းစားတွေ
ပါဝါဂိမ်းမှာမစခင်ပဲဂိမ်းအိုဗာနဲ့ အိုဗာတင်းပုလင်းကွဲ
အာဘောင်အာရင်းသန်သန်ရယ်ဖောက်လိုက်ချင်တယ်
ကောင်းကင်ဟာစာကလေးအီးပေါက်သံပဲအန်ချတယ်
<http://www. စာကလေးအီးပေါက်.com/forums/showthread>
အကယ်၍ငါဟာငါတစ်ယောက်ကိုသုံ့ပန်းရမိခဲ့ရင်
ငါ့ကိုငါဘယ် waterboarding မှာညှဉ်းပမ်းစစ်ဆေးရမလဲ
လွတ်ပြီးလပ်နေတဲ့ငါကြီးဟာဘယ်သီအိုရီချောင်းနေတဲ့
ထောင်းလမောင်းကွက်လပ်လဲ
ဆိုတော့….argonaut ကိုသိပြီလား မက်ဆေ့ဂ်ျပို့ပို့ပို့လိုက်ပါ
ငါဟာအတိတ်မှာ hang နေတဲ့စစ်ပုန်းစက်ရဲ့ roadmap သစ်
ငါ့ရဲ့ဒစ်ဒစ်ဒစ်ဒစ်ဒစ်ဂျစ်တလ်ခေတ်မှာဒဏ်ရာဟာသစ္စာပဲ
အနာဂတ်လောက်အရသာမတွေ့တဲ့အနာဗူးထဲမှာ
ငါတွေပွက်လောရိုက် မင်းနှမရဲ့ဟပ်ဖရိုဒ်ဟိုဟာလေးတောင်မှ
လာတလူးလူးတခိုက်ခိုက် တစိုက်မတ်မတ်တဇတ်ဇတ်
Fuck ပဲ ဒီဗူးအပြင်မှာအခြားဂန္ထလောကတစ်ခု
ဒီဗိုးဗွားအပြင်မှာ ဒီဗွတ်ထွားဟားဟားအပြင်မှာ
ငါတို့တည်ဆောက်ဖို့စောင့်မျှော်နေတဲ့လောကဂန်ဖလားသစ်
အနားခစ္စတွေရဲ့အနာအသစ်စက်စက်တွေ
အနာတရဒစ်ရေတွေအချစ်တွေလိုရွှဲလို့
ဒိုးစို့…ငါတို့ကိုငါတို့အသေခံအလံတွေဝတ်လစ်စလစ်
ကိုယ်တွေမှာပတ်လို့
တိုက်ပွဲတေးခေါ်ဖောက်ခွဲပစ်လိုက်ကြစို့။ ။

ဇယလ
၂၀ ဧပြီ ‘၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>