လူမှုရှုထောင့်စားသုံးမှု

အသစ်ဆုံးဖွင့်တဲ့ဂျန့်က်ရှင်းစစ်တီးရှော့ပင်းဂ်မောလ်အေးစိမ့်ထဲ
ခေါက်တုန့်ခေါက်ပြန်ကိုလံဘတ်စ်အမေရိကကိုတွေ့ရှိသလို
‘အသစ်’နံ့ရဲ့နောက်ကွယ်ကညင်သာတဲ့စက်သံ
ကြားနေရပေမယ့်ကိုယ့်ရဲ့မူပိုင်ခံစားမှုစစ်စစ်တွေရဲ့
မူလအစကိုအစအနတောင်မတွေ့ခဲ့ဘူး
3D ကားလိုပဲ၊ ရွေ့တိုင်းရှိပြီးရှိတိုင်းရွေ့
(Virtual Reality ထဲမှာကိုယ်ဟာတကယ်ကျောနာနေပါတယ်)

ပျဉ်ပုံကြီးပေါ်လည်းမြင်ပုံချင်းမတူကြဘူး
လူလူချင်းခေါင်းပုံဖြတ်မှုဟာ
ညအတွက်ကျောချစရာတစ်နေရာပဲ
ကျောချမှအသက်တစ်ဆုပ်ရဲ့ယုံကြည်ချက်တန်ဘိုး
နို့ဆီခွက်နဲ့ချင်တွယ်ခဲ့တဲ့ မဆလ ဘဝများ
“နိုင်ငံခြားဘဏ်တွေဘယ်လောက်မြတ်နေကြသလဲ
နှစ်ကုန်စာရင်းရှင်းတမ်းတွက်မှသိရတယ်” ( နာကျည်းသော
ဘဏ်စာရေးလေးအဲလိယစ်တ်) “ငွေတိုးချေးစားခြင်း၊
စက်ဆုပ်ဖွယ်ဂျူးတွေရဲ့ငွေတိုးချေးစားခြင်း” (ရှေ့နောက်
ညီစေလိုသူပေါင်းန်ဒ်) ဟား၊ ကော်ဖီခါးခါးထဲမှာဘားတော့
ဘရက်(က်)တ် [သူ့ခေတ်ပြိုင်တွေထဲမှာသူဟာဖာသိဖာသာ
အရောမဝင်၊အဖက်မလုပ်]၊ ကိတ်မုန့်နံ့သဲ့သဲ့ထဲမှာ
မင်းရဲ့ရင်သားသားသေးသေးဖွေးဖွေးလေးကို
နွေးနွေးလေးသတိရသွားမိတယ်
ငါ့ခံစားမှုတွေကိုတကယ်လွှဲပြောင်းပေးအပ်ချင်ပါတယ်
သူ့ရဲ့နိုင်ငံရေးကိုမကြိုက်တာကသူ့စတိုင်လ်ကို
မကြိုက်လို့လား ‘ခေတ်ပြိုင်ခံစားမှု’ ဟာအလုပ်လက်မဲ့
ဂျိုင်းတွေကိုလျက်ဘူးသလား ကိုယ့်အကြောင်းပဲကိုယ်
ပြောကြေးဟာလည်းရသဗေဒတစ်ခုပေါ့၊ ဥပမာ၊
ဂျန့်က်ရှင်းစစ်တီးမောလ်ကိုတိုက်ပွဲရှောင်စခန်းအဖြစ်
ယာယီသတ်မှတ်စေချင်တယ် ပြဌာန်းခံမိုးပျံပူဖောင်းတွေ
ဘရက်(က်)တ်ရဲ့ V-effekt ဟာပြဇာတ်ပရိတ်သပ်ကို
ပြဇာတ်ထဲကဇာတ်ဆောင်နဲ့ စိတ်ချင်းမထပ်စေတာ
(စိမ်းအောင်၊ဆန်းအောင်လုပ်တာ)
စားသောက်နေကြသူတွေကို ဖြတ်သွားသူတွေ
မစာနာသလို (ငါ့ခံစားမှုကို
မင်းထပ်တူပြုဖို့ငြင်းဆန်ခဲ့လေတယ်) ငါ့ကိုငါ့ထံမှ
ငါဟာကင်းကွာသွားတော့တယ် ဂျန်က်ရှင်းစစ်တီး
မောလ်ထဲရှောင်ပြေးသွားလိုက်တယ်
ဒါဟာလမ်းပေါ်ကလူရဲ့ပူလောင်အိုက်စပ်တဲ့
မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်တယ်။ငြင်းမလား။
တော်လှန်သောပြောင်းလဲမှု။ဟိုက်ရှားပါးစ်
အင်္ကျီတစ်ထည်ဟာကျပ်ကိုးသောင်းတောင်တန်တယ်
မေမေရေ၊သားကိုလာမရှာပါနဲ့တော့ ဂျန့်က်ရှင်းစစ်
တီးမောလ် (မော်ဆိုလီယမ်= သင်္ခြိုင်းဂူအဆောက်အအုံ)
မှာ သားဘဝကိုရှာဖွေတွေ့ရှိလိုက်ပါပြီ
အို၊ဆင်ဆဘစ်လစ်တီ
တုန်ခါနေတဲ့မြေအောက်သတ္ထုကြောကြီးပဲ
‘ရှယ်’ခံစားမှုတွေမင်းကိုငါပေးပစ်လိုက်ချင်တယ်
အာဝု၊အာဝု။လမ်းပေါ်မထွက်သရွေ့တော့
ငြိမ်းချမ်းတဲ့ဘုံဗိမာန်ပဲ။ လူမှုသဘာဝဟာ
မဖြောင့်ဖြူးတယ်။ တစ်နေ့ကပဲ ‘တော်လှန်ကဗျာ’ပွဲ
ကျင်းပလိုက်တာ fb ပေါ်မှာတွေ့လိုက်တယ်
သားမတော်နေ့ဟာသားနဲ့သွေးမတော်စပ်ဘူး
မေမေရေ၊ ဂျန့်က်ရှင်းစစ်တီးမောလ်ဖွင့်ပွဲကို
သားကိုခေါ်သွားပေးပါနော်
စိတ်ကူးယဉ်ဝါဒရဲ့ဓနရှင်အိပ်မက်ထဲ
သားတကယ့်လူဖြစ်ချင်တယ်
စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပဲ
ဂျန့်က်ရှင်းစစ်တီးမောလ်အသစ်ကြီးဟာ
ဗိုလ်ချုပ်လမ်းပေါ်မျက်နှာမူပြီးအာရုံပြုလိုက်တယ်
အာဝု၊အာဝု။ ။

ဇယလ
၂၉ မတ် ‘၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>