ဘယ်သူ့အရှိတရားမှသာလျှင်
ဧကန်ပကတိအရှိတရားစစ်စစ်ဖြစ်ပြီး
ဘယ်သူ့အမှန်တရားမှသာလျှင်
ဧကန်ပကတိအမှန်တရားစစ်စစ်တဲ့လဲ။
ဘာသာရေးကိစ္စတွေပြောနေတာမဟုတ်ပါ။ လူ့အဖွဲ့အစည်းအတွင်း၊လူမှုဆက်ဆံရေးအတွင်းပြောနေတာဖြစ်ပါတယ်။
ပစ္စလက္ခတ် ပြောတာလည်းမဟုတ်ပါဘူး။
ကိုယ်ကျင့်တရားကိစ္စတွေ၊ကျင့်ဝတ်ကိစ္စတွေ၊တရားမျှတမှုကိစ္စတွေလည်းအကျုံးဝင်ကြပါတယ်။
အဲဒီထဲ ရသဗေဒကိစ္စ၊ အနုပညာကိစ္စ၊ကဗျာကိစ္စ ထည့်ကြည့်လိုက်ပါ။
ဘယ်သူကဘယ်လိုရေးမှ၊(သူ့ကိုယ်တွေ့ပင်ဖြစ်လင့်ကစား) စစ်မှန်တဲ့အရှိတရား၊စစ်မှန်တဲ့အမှန်တရား ဖြစ်ရမယ်ဆိုရင်၊ မေးခွန်းတွေဟာအလိုလိုပေါ်လာကြပါလိမ့်မယ်။
အရှိတရားကိုသူတစ်ယောက်တည်းပိုင်သလား။သူ့အရှိတရားမှသာလျှင်အရှိတရားလား။သူ့အရှိတရားမှသာလျှင်အစစ်မှန်ဆုံးလား။ သူနဲ့မတူတဲ့အခြားအရှိတရားတွေမရှိရတော့ဘူးလား။ ရှိတယ်လို့လက်ခံရင်တောင် ကြီးစိုးလွှမ်းမိုးတဲ့အထက်-အောက် ပုံစံပြုချင်သလား။ အများခံယူထားကြတဲ့အရှိတရားနဲ့
ဘယ်လောက်၊ဘယ်အထိထပ်တူကျ/ထင်ဟပ်/ကိုယ်စားပြုနိုင်
မလဲ/သလဲ။
အရှိတရား Reality ကိုဖွင့်ဆိုပုံတွေကွဲပြားမှုရှိလင့်ကစား ‘မင့်ဘဝဟာငါ့ဘဝမဟုတ်ဘူး’ နဲ့တင်မြင်လောက်ပါတယ်။
အဲဒီအရှိတရား၊အဲဒီကိုယ်တွေ့ဖြစ်ရပ်ကိုယ်တိုင်ပေါ် ဘာသာစကားကျရောက်လာတဲ့အခါ…..။ တစ်တင့်တက်ပြောရရင် ကဗျာရေးလာတဲ့အခါ…။ တစ်ဆင့်ထပ်တက်ပြီး ကဗျာအနုပညာ ကို ဖန်တီးလာတဲ့အခါ…။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။