ဒီမှာဘယ်သူမှမရှိကြဘူး၊
ခန္ဒာကိုယ်ကပြောတယ်၊ဘာပဲပြောပြော
ဘာမှမပြောရဘူး၊ဆိုပေမယ့်လည်းဘယ်သူကမှ
ကိုယ်ခန္ဒာမှမဟုတ်တာ။ကိုယ်ခန္ဒာပြောတာကိုလည်း
ဘယ်သူကမှမပြောကြဘူး၊
သင်ကလွဲလို့ပေါ့။
နှင်းတွေကျ၊ပြီး၊ည။တောအုပ်လေးထဲမှာ
လူသတ်မှုတစ်ခုဟာ ထပ်ကြော့။မြေပြင်ပေါ်
ကလောင်တံဟာရွေ့သွားတယ်။ဘာဖြစ်လာမလဲ
ယင်းမသိတော့ဘူး၊ ယင်းကိုကိုင်ထားတဲ့လက်ဟာ
ပျောက်ကွယ်သွားပြီလေ။
ပသို့ဆိုစေ၊ယင်းဟာဆက်ရေးနေတုန်းပဲ
ယင်းဟာရေးတယ်၊မူလအစမှာ
တောအုပ်လေးထဲ ညထဲကနေ
ကိုယ်ခန္ဒာတစ်ခုဟာ
လမ်းလျှောက်ထွက်လာခဲ့တယ်။
ယင်းဟာရေးတယ်၊ကိုယ်ခန္ဒာရဲ့အဖြူရောင်ဟာ
မြေကြီးရဲ့အရောင်ဖြစ်တယ်၊ မြေကြီးဖြစ်တယ်
မြေကြီးဟာရေးတယ်၊အရာခပ်သိမ်းဟာ
တိတ်ဆိတ်မှုရဲ့အရောင်တွေပဲဖြစ်ကြတယ်။
ကိုယ်ဒီမှာမရှိတော့ဘူး။ကိုယ်တစ်ခါမှ
မပြောခဲ့ပါဘူး၊ကိုယ်ပြောခဲ့တယ်လို့
မင်းပြောခဲ့တာ။ကိုယ်ခန္ဒာကတော့
ဘာမှမသေဆုံးတဲ့နေရာပဲလေ။
ညတိုင်းမှာ တောအုပ်လေးရဲ့
တိတ်ဆိတ်မှုကနေ၊ မင်းသိနေပြီးသားပါလေ၊
မင်းထံပါး
ကိုယ့်စကားသံဟာလမ်းလျှောက်ထွက်လာတယ်။ ။
(Paul Auster ရဲ့ White Nights)