ကဗျာအကြောင်းပြောပါတယ် (၂၁)

‘မိမိ’ကိုဦးတည်ပြောဆိုရေးသားတာတွေဟာ ‘မိမိ’ကိုပြန်ညွှန်းတဲ့ expressive (ဝါ) emotive function ဖွင့်ဟဖော်ထုတ်မှု (ဝါ) ခံစားမှုဆိုင်ရာလုပ်ငန်းဆောင်တာကိုဆောင်ရွက်တာဖြစ်တယ်။ ကဗျာဆိုင်ရာလုပ်ငန်းဆောင်တာ poetic function ကိုဆောင်ရွက်တာမဟုတ်ဘူး။

ခံစားမှုဖော်ပြတာလောက်က ကဗျာမဟုတ်သေးဘူး။ ဒါမှမဟုတ် ကဗျာမဟုတ်ဘူး။ ကဗျာပုဒ်ဖြစ်ရင်လည်း ကဗျာမြောက်ခြင်း မမြောက်ခြင်းကိစ္စက ရှိသေးတယ်။ ကဗျာဆိုင်ရာလုပ်ငန်းဆောင်တာကြီးစိုးလွှမ်းမိုးမှုမရှိတဲ့စာသားဟာဘယ်လိုမှ ကဗျာ မဖြစ်နိုင်ဘူး။ ကဗျာဆိုင်ရာလုပ်ငန်းဆောင်တာဟာ အကြောင်းအရာပေါ်မှာရှိတာမဟုတ်ပဲ စာသားဖွဲ့စည်းပုံပေါ်ရှိပြီး အကြောင်းအရာ ဘယ်လောက်ကောင်းကောင်း၊ ဖွဲ့စည်းပုံ/ဖွဲ့စည်းမှုဟာ ပိုကောင်းနေရမှာဖြစ်ပြီး ပိုအာရုံစိုက်စရာဖြစ်ဖို့လိုပါတယ်။

အဲသလိုမှမဟုတ်ရင် စာသားရဲ့အကြောင်းအရာက အထင်ကရနေရာယူသွားပြီး ဖွဲ့စည်းမှု ဟာ နောက်ကွယ်
ရောက်သွားရင် ပြင်ပလောကဆိုင်ရာအညွှန်းတစ်ခုခုကို
ညွှန်ခြင်းလုပ်ငန်းဆောင်တာ ဖြစ်တဲ့ referential function က ကဗျာလုပ်ငန်းဆောင်တာပေါ်ကြီးစိုးလွှမ်းမိုးသွားပါလိမ့်မယ်။
အဲသလိုဆို ကဗျာဖြစ်ခြင်း အားနည်းသွားနိုင်စေပါတယ်။

တစ်ဖန်၊ တစ်ခုခု တစ်ယောက်ယောက် ကို ချီးမွမ်းဂုဏ်ပြုစေဖို့၊ ဒါမှမဟုတ် လိုက်နာဆောင်ရွက်ဖို့ တစ်ခုခုညွှန်ကြားတာဟာလည်း ညွှန်ကြားခြင်းဆိုင်ရာလုပ်ငန်းဆောင်တာ conative function ဖြစ်တဲ့အတွက် ကဗျာ မဖြစ်ပါဘူး။

ယာကော့ဗ်ဆင်န်(Roman Jacobson) ပြောခဲ့တဲ့ speech functions တွေကိုစဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>