သတို့သမီးဝတ်စုံများရဲ့ ဝမ်းနည်းကြေကွဲမှု အကြောင်း ( ဂျေးမ်စ် ဂဲလ်ဗင်န်)

ကြယ်တွေလည်းမရှိ၊လေလည်းမတိုက်တဲ့
ခုလိုညမျိုးတွေမှာ
ကြားနေရတယ်လို့ထင်မိတယ်

အနှစ်မပါတဲ့ပလာအိန်ဂျလ်နတ်သမီးတွေလို
မျှော်လင့်ချက်မဲ့တောင့်တမှုနဲ့အလင်းပြန်ရင်း

သတို့သမီးဝတ်စုံတို့ရဲ့
တရှုံ့ရှုံ့ငိုနေသံ။

ဘယ်သူမှသူတို့ကို
ဝတ်ဆင်ကြမှာမဟုတ်တော့တာ
သူတို့သိခဲ့ကြပြီလေ။

ပွဲလယ်တင့်နေ့ရက်တစ်ရက်အပြီး
သူတို့ကိုလိုချင်သူတွေမရှိကြတော့။

ဒါပေမယ့်၊ဗီဒိုတွေရဲ့အမှောင်ထုတွေထဲ
အလိုဆန္ဒနဲ့သူတို့တောက်ပနေကြတယ်။

ကံကောင်းတဲ့ဝတ်စုံအချို့ဆို
သမီးတွေဆက်ဝတ်ခွင့်ရကြတယ်။

ဒါပေမယ့်ဒါဟာလည်း
နောက်ထပ်တစ်ကြိမ်မျှသာပဲ။

ပြီးပြန်သွားရတယ်ဗီဒိုထဲ။

အများစုဟာအချန်ကြာတော့ဝါနွမ်းသွားကြတယ်၊
သူတို့ကိုမိုးကောင်းကင်ဆီသယ်မ,သွားဖို့
ဆင်လိပ်ပြာကြီးတွေကိုစောင့်မျှော်ရင်း။

မင့်အမေရဲ့သတို့သမီးဝတ်စုံဘယ်မှာလဲ၊
ဘယ်ဘီဒိုထဲမှာလဲ။
မင့်အဖွားရဲ့သတို့သမီးဝတ်စုံဘယ်မှာလဲ။
ဘာ၊မရှိတော့ဘူး၊ဟုတ်လား။

နောက်ဆုံးတော့လည်း
အားလုံးပျောက်ကွယ်သွားကြတာပါပဲ။

ဘယ်တွေရောက်သွားကြသလဲ၊
ဘယ်သူသိမှာလဲတဲ့လေ။

အဟောင်းဆိုင်တွေဟာသတို့သမီးဝတ်စုံတင်ပါ့မလား။
Goodwill တစ်ပတ်နွမ်းအဝတ်အထည်ဆိုင်မှာတော့
သတို့သမီးဝတ်စုံတစ်ခါတွေ့ဘူးတယ်။
ဘယ်လိုဝမ်းနည်းဘွယ်ရာကိစ္စမျိုးနဲ့
အဲဒီကို အဲသလို ရောက်သွားခဲ့သလဲကွယ်။
ဘယ်လိုကြေကွဲမှုဟာ
ယင်းကိုယူဆောင်သွားခဲ့သလဲ။

ကံအကောင်းဆုံးသတို့သမီးဝတ်စုံတွေကျတော့
မင်္ဂလာဆောင်ပြီးတစ်ပတ်မှာပဲ
လင်ယောက်ျားရဲ့သစ္စာဖောက်ခံလိုက်ရတဲ့
လတ်လတ်ဆတ်ဆတ်ဇနီးသည်တွေရဲ့
ဝတ်စုံတွေပဲဖြစ်ကြတယ်၊

ယင်းတို့ကို ကားနောက်တွဲချိတ်ရွေ့လျားအိမ်
ဒါမှမဟုတ် တယ်လ္လူရိုက်ဒ်အရပ်ဒေသက ကွန်ဒိုတစ်တိုက်ရဲ့
အပြင်ဘက်
လွှင့်ပစ်လိုက်ပြီး ဓာတ်ဆီလောင်းချလိုက်တယ်။

အဲဒီသတို့သမီးဝတ်စုံတွေဟာ
ကွန်ဂရက်ကျူလေးရှင်းတွေပြည့်နှက်နေတဲ့
မိုးကောင်းကင်ဆီ

မီးတောက်မီးလျှံတွေစီးပြီး
မီးခိုးငွေ့တွေအဖြစ်
လွင့်ပျံတက်သွားကြတော့တယ်။ ။

(James Galvin ရဲ့ On the Sadness of Wedding Dresses)

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>