သတင်းထူးကတော့ ရှင့်ကိုကျွန်မချစ်တယ်၊
ကျွန်မရဲ့ နျူးဒစ္စ(တ်)ရေ
သတင်းထူးကတော့ ရှင့်ကိုကျွန်မချစ်တယ်၊
ကျွန်မရဲ့ ဘူးဒစ္စ(တ်)ရေ
ကျွန်မရဲ့ ဝတ်လစ်စလစ်ခနဲ့
ဖူးပွင့်လာနေတဲ့ သာယာမှုဟာ
ရှင်ရှိနေခြင်း မိုးလေဝသထဲမှာ
ရှင်ရှိနေမလား၊ ရှိမနေဘူးလား
အို… အချစ်ဟာ
နျူရိုးစစ္စပင်စည်ပေါ်မှာ အဖုအသစ်ပေါက်လာတာ
ကျွန်မတို့အတွက် ခေတ်သစ် ‘ငြိမ်းချမ်းရေးပေးသနားပါ’
အဆိုပြုလာတဲ့ နှင်းဆီပွင့်သစ်တို့ရဲ့ ပန်းစည်း
အို… ကျွန်မရဲ့နှင်းဆီပွင့်သစ်တို့ရဲ့ ဗောဓိသတ္တရေ
အချစ်မဲ့ခြင်းနျူရိုးစစ္စမှ ကျွန်မကိုရှင်ကယ်တင်ပါလေ
ကျွန်မရဲ့ ခဟောင်းကို ဖာ့တ်ဝါသေမိန့်ကနေ
ရှင်ကယ်တင်ပြီး
နှင်းဆီခင်းအိပ်ယာပေါ် လဲလျောင်းလိုက်ကြပါစို့လေ
နှင်းဆီပွင့်ကို ဝိုင်းရံထားတဲ့ အိတ်ကပ်အပြည့်
ဒီမှာကမ္ဘာကြီးပျက်သုဉ်းသွားတောင် ကျွန်မရဲ့ ချစ်သူရေ
အိပ်ရာထဲ ပစ်လှဲလိုက်ကြပြီး သေပွဲဝင်လိုက်ကြစို့လေ
နတ္ထိကို ခေါင်းညိတ်မှုအသစ်ပေးကြစို့
ပလာနတ္ထိပကတိကို နှင်းဆီတစ်ဖူးပေးလိုက်စို့
နတ္ထိရဲ့နှင်းဆီတွေကို ကျွန်မချစ်ရပါတယ်လေ
အို… ကျွန်မရဲ့နတ္ထိရဲ့ ဗောဓိသတ္တရေ
ဒီသတင်းကလွဲလို့ အခြားသတင်းမျိုး
နိမိတ်မပြပါနဲ့လေ
ကျွန်မတို့ရဲ့ခတွေ ဝိညာဉ်တွေအတွက်
ဘာမှမမျှော်လင့်ပါဘူး
ငြိမ်းချမ်းခြင်းရဲ့ မိုးလေဝသကလွဲလို့လေ။
မှတ်ချက်။
Bodhisattva = ဗောဓိသတ္တ
Nudist = ဝတ်လစ်စလစ်နေထိုင်မှုအဖွဲ့ဝင်
Buddhist = ဗုဘာသာဝင် နဘေကိုတမင်ယူခြင်း
Fatwa = မူစလင်မ်ဘာသာတွင် သေမိန့်ပေးခြင်း
(Sarah Avio ရဲ့ Bodhisattva)