လျှပ်စီးထဲမှာ ဘွားကနဲ
ပိန်ချိချိတံတားလေး။
စက်တင်ဘာဆည်းဈာ၊ နေ့အလင်းတွေမှိန်လာချိန်၊
မြစ်ပေါ်မှာသတိနဲ့ငိုက်မြည်းနေကြတဲ့
ငန်းတစ်အုပ်၊အနက်ရောင်အခင်းတွေဟာ
ပေါ့ပေါ့ပါးပါးပဲတွန့်ကြေ။
ဟိုဘက်မှာ
အပြာရင့်ကောင်းကင်ဆီထိုးတက်သွားတဲ့
ဂေါ့သစ်က်မျှော်စင်အထီးတည်း။
မြိ့ပြင်ကကုန်းကမူတွေပေါ်
မိမိတက်သွားနေတယ်လေ၊
အဲဒီမှာ ပြန်လည်မွမ်းမံနေကြတယ်
ဆင်းရဲသားတွေစုနေကြတဲ့တိုက်အိုကြီး။
ဒီမြို့တော်ကနေ
ခရီးသည်တွေအားလုံး
ထွက်ခွာသွားကြပြီ။
ဒီမြို့တော်နဲ့ မိမိ
ချိတ်ဆက်လို့ရနေသေးတာဟာ
မြေဆွဲအားဥပဒေသတစ်ခုတည်း။
ပြီး၊
ကြောင်တွေကိုမယုံကြည်ခြင်း၊
မျက်စိစပါးမွေးစူးရတဲ့ကျီးတွေ၊ နဲ့
မှတ်ပုံတင်စာအုပ်တွေရဲ့
စပ်စပ်စုစုမေးမြန်းစုံစမ်းခြင်း။
နေဝင်ဆည်းဈာကို
ဘယ်သူတွေငေးကြည့်ကြတော့သလဲ၊
ခေတ်ဟောင်းသွားပြီဖြစ်တဲ့
ညနေခင်းအေးအေးလူလူလမ်းလျှောက်ထွက်ခြင်းကို
ဖက်တွယ်ထားကြသေးသူတွေပဲပေါ့၊
နေဝင်ရီတရောကိုလွမ်းလွမ်းမောမောမျောငေးလို့။
ပြောရရင်တော့
အဲဒီနေဝင်ဖျိုးဖျထဲမှာပဲ
လေဟာပုန်းလျှိုးကွယ်လျှိုး
ချောင်းမြောင်းလို့နေတာပေါ့။ ။
(Marek Wojdylo ရဲ့ Law of Gravitation)