အများကြီးကျန်သေးတယ်၊ မိမိတို့
မမြင်ဘူးကြသေးတာတွေ၊ ပန်းချီကားတွေမှာ။
ဆိုပါစို့၊ နှင်း၊ အခုကျနေတဲ့နှင်း၊ အခု ၅:၁၉ တိတိမှာ
ကျနေတဲ့နှင်း။ ကောင်းကင်ဟာ သူ့ဆည်းဆာရောင်ကို
ဆက်လက်ထိမ်းသိမ်းထားချိန်မှာ
နှင်းဟာ လာဗင်န်ဒါ
အစိမ်းဖြစ်ဖို့ကို ငြင်းဆန်နေတဲ့အပြာ။
ပြီး၊ ရှိသေးတယ်၊ အမဲသားတွေ၊
မိမိတို့ဟာ ဘယ်သူတွေ၊ မိမိတို့ရဲ့အဓိပ္ပါယ်ဟာဘာ၊
အဲဒါတွေနဲ့ မသတီစရာပတ်သက်လို့။
အရိုးတွေ၊ အတွင်းကလီဇာတွေ။ မသိနိုင်ဘူးလေ
ဘာလို့ အများကြီးရှိနေသေးတာ
ဘယ်သူမှသတိမပြုမိ၊ ဘယ်သူမှမှတ်ချက်မပေး၊
ဆီလျှော်တည့်မတ်မှု အကာအရံရဲ့
နောက်ကွယ်မှာ။ မိမိတို့အကျိုးကိုထမ်းဆောင်တဲ့
ယန္တရားတစ်ခုကို မိမိတို့ အလုပ်အကျွေးပြုကြတယ် —
မိမိတို့ရဲ့ မျက်လုံးပေါ့။
ယင်းဟာ နေ့ကိုမြင်တယ်။
မြင်ခြင်းပေါ်မှာ မလိမ်ညာဘူးလို့
ယင်းကို ယင်းထင်တယ်။
အများကြီး ကျန်ရှိနေသေးတယ်။ ။
(Tom Disch ရဲ့ What Else Is There)