ဟောဒီကမ္ဘာကြီးမှာ သင်ဘာလုပ်နေတာလဲ။
ဘုရားသခင်က မိမိကို တစ်ချိန်လုံးဓာတ်ပုံရိုက်နေလို့
မိမိကိုယ်မိမိ လှတပတ နေနေရတယ်လေ။
မိမိဟာ ဘုရားသခင်ကို ကိုယ်တော့်ခန္ဓာပေးလိုက်တယ်။
လူတွေကို သေစေပြီး လူအသစ်တွေ လုပ်နေမယ့်အစား
အခုရှိနေတဲ့ လူတွေကိုပဲ ဆက်လက်ထားရှိလိုက်ပါလား။
ယေရှုဟာ မိမိတို့ အိမ်ကို သုညစက္ကန့်အတွင်း မ,နိုင်တယ်။
ယေရှုဟာ သူ့ညီအကိုတွေနဲ့ ဆူပါမာရီယိုကစားမယ်။
မိမိရဲ့ ဘုရားသခင်ဟာ မိမိကို ပိုက်ဆံပေးတယ်။ ဘုရား
သခင်ဟာ ချစ်ဖို့ကောင်းတယ်။ ဘုရားသခင်ကို မိမိ
ချစ်တယ်။ များသောအားဖြင့်တော့ ခရီးလွန်နေတတ်ပါတယ်၊
ကိစ္စမရှိပါဘူး။ ဘုရားသခင်ရဲ့ ချောကလက်ကို မိမိ
စားလိုက်တယ်။ အရမ်းကောင်းတာပဲ။ ဘုရားသခင်ဟာ
အတော်ဆုံး အကောင်းဆုံးပဲ။
နတ်ဘုရားတွေဟာ ငကြောင်တွေပဲ။
မနေ့ညကပဲ မိမိတို့ရဲ့နောက်ဖေးခြံမှာ
တစ်ပါးကို တွေ့လိုက်တယ်။
အမြီးကအမွေးအတောင်တွေကို ခါပြတယ်။
ဘုရားသခင်ဟာ အသိုက်တွေဆောက်တယ်။
ဦးခေါင်းက တစ်မျိုးကြီးပဲ။
ဘုရားသခင်ကို ထိလိုက်ရင်
ဘုရားသခင်က အဆိပ်ဆူးနဲ့ ပြန်တုပ်တယ်။
ဘုရားသခင်ရဲ့ တောင်ပံတွေဟာ အရိုးပေါ်အရေတင်။
ဘုရားသခင်ရဲ့ ဦးခေါင်းကို မိမိကြိုက်တယ်။
ဘုရားသခင်ဟာ ပိုက်ဆံတွေကို ပြုလုပ်တယ်။
ဘုရားသခင်ကို မိမိကြိုက်ပြီး
မိမိကို ဘုရားသခင်က ကြိုက်တယ်။
ဘုရားသခင်တွေဟာ အဝါရောင်။ ဘုရားသခင်ဟာ
အသားစားတယ်။ ဘုရားသခင်ဟာ မြင်နိုင်တယ်။
ဘုရားသခင်ဟာ အရက်သောက်တယ်။
ဘုရားသခင်ဟာ ထိုးကြိတ်တတ်တယ်။
ဘုရားသခင်ဟာ ဥတွေဥတယ်။
ဘုရားသခင်ရဲ့ နှလုံးက တစ်မျိုးကြီးပဲ။ ဘုရားသခင်ရဲ့
ကျောကုန်းဟာ ပျော့စိစိ။ ဘုရားသခင်ရဲ့
ဦးခေါင်းဟာ ဝတုတ်ကြီး။
ဘုရားသခင်ရဲ့ အမြီးဟာ နှလုံးတစ်ခုဖြစ်တယ်။
ဘောလုံးကို သင်ကန်တယ်။ ဘောလုံးကို သင်
အမြင့်ကြီးကန်လိုက်တယ်။ ဘောလုံးကို သင့်လက်နဲ့
သင်မထိဘူး။သင်ဟာ သင့်ကိုသင် မြေကြီးပေါ်တမင်
မလှဲချဘူး။
မိမိရဲ့ ဘုရားသခင်ဟာ အရိုးသေးသေးလေးတွေကို
စားတယ်။ မိမိရဲ့ ဘုရားသခင်အိပ်ပုံဟာ တစ်မျိုးကြီးပဲ။
မိမိရဲ့ဘုရားသခင်ဟာ ပစ်လိုက်တဲ့ဘောလုံးကို
ပြေးကောက်ပြီး ပြန်လာပေးတယ်။
မိမိရဲ့ဘုရားသခင်ဟာ ချစ်ဖို့ကောင်းတယ်။
မိမိရဲ့ဘုရားသခင်ဟာ ပိစိညောင့်တောက်လေး။
မိမိရဲ့ဘုရားသခင်ဟာ အမည်း။
ဘုရားသခင်မှာ မိမိလိုမျက်လုံးရှိတယ်။
ဘုရားသခင်ဟာ မိမိလို ရေခဲမုန့်စားတယ်။
ဘုရားသခင်ဟာ သန့်ရှင်းရေးကောင်းကောင်းလုပ်တယ်။
ဘုရားသခင်ဟာ မာန်ဖီပြီး တိရိစ္ဆာန်တွေကို သတ်ဖြတ်တယ်။
မိမိက သတ်စရာ မလိုဘူး။မိမိရဲ့အမေဟာ
ထမင်းဟင်းချက်တော်တယ်။
‘ဘုရားသခင်လေးဟေ့’
လျှောက်ပြေးလွှားပြီး အော်ဟစ်နေတာ
“ငါ့မှာ ဗဂျိုင်းနား ရှိတယ်”
မေမေရေ… ဘာလို့သူ့မှာ အပေါက်ရှိနေတာလဲဟင်။
မေမေရေ၊ အဲဒီအမျိုးသမီးရဲ့ဘောင်းဘီဟာ ဧရာမပဲ။
ဘုရားသခင်ဟာ နေရာတိုင်းမှာရှိနေရင် ဘုရားသခင်ဟာ
မိမိရဲ့ အတွင်းခံဘောင်းဘီထဲမှာလည်းပဲ ရှိနေမှာပဲ။
ဘုရားသခင်အကြောင်း မိမိစဉ်းစားနေတာမဟုတ်ဘူး၊
ဖတ်ပဲဖတ်နေတာ။ အဆုံးသတ်ကိုလည်း မမှတ်မိတာ
မကောင်းလို့ပဲ ဖြစ်မှာပါ။ ပိုကောင်းတဲ့ အဆုံးသတ်
မိမိပေးမှဖြစ်တော့မယ်။
နတ်ဘုရားတွေဟာ မိုက်တယ်။
နတ်ဘုရားတွေဟာ မီးပန်းမှုတ်တယ်။
နတ်ဘုရားတွေဟာ လျှောက်သွားတယ်။
နတ်ဘုရားတွေဟာ အစိမ်းရောင်။
နတ်ဘုရားတွေဟာ လူသားတွေကို မုန်းတီးတယ်။
နတ်ဘုရားတွေဟာ အစောင့်အရှောက်တွေဖြစ်နိုင်တယ်။
နတ်ဘုရားတွေဟာ ပျံသန်းနိုင်ကြတယ်။
ဘုရားသခင်ဟာ ဒိုင်နိုဆောကို စူးစိုက်ကြည့်လိုက်တယ်
ဒါပေမယ့် ဒိုင်နိုဆောမှာ စိတ်ကောင်းရှိတယ်။ ။
(Katie Degentesh ရဲ့ I Wanted to Feel Closer to God)