မိမိနိုးထလာတယ်
အဲဒါနိုင်ငံရေးပဲ။
မိမိကော်ဖီဖျော်လိုက်တယ်၊ကော်ဖီဟာနိုင်ငံရေးပဲ။
မိမိရေချိုးတယ်၊ရေဟာနိုင်ငံရေး။
ဘောင်းဘီတိုတိုလေးနဲ့ ဘော့ဘ်မိုက်ဇာအပေါ်အင်္ကျီ
ကျပ်ကျပ်နဲ့လမ်းလျှောက်ထွက်တယ်၊အဲဒါဟာ
နိုင်ငံရေးပဲ၊လမ်းလျှောက်တာ၊ဘောင်းဘီတို၊
ဂျီစတရင်းဂ်ပဲဝတ်ထားတဲ့ဗလကြီးရဲ့
ရောင်စုံမိတ်ကပ်လူးထားပုံ။
နေကာမျက်မှန်မိမိမေ့ကျန်ခဲ့တယ်၊ပြီး၊မကြာခင်မှာ
မိမိဟာရထားပေါ်ရောက်နေတယ်၊အဲဒါနိုင်ငံရေးပဲ။
ရထားတွဲပေါ်ကကိုလူချောတစ်ယောက်စီရဲ့
မျက်နှာတွေမိမိစေ့စေ့ကြည့်လိုက်တာ၊
ဘယ်သူပိုချောသလဲလို့မိမိထင်မြင်တာဟာ
နိုင်ငံရေးပဲ။ တက္ကသိုလ်မှာမိမိအလုပ်သွားလုပ်တယ်၊
အရာရာဟာထင်ထင်ရှားရှားနိုင်ငံရေးတွေပဲ၊
ဘာသာရပ်ဌာနတွေနဲ့အဆောက်အအုံတစ်ခုလုံး။
အတန်းတစ်တန်းနဲ့တစ်တန်းကြားမိမိသောက်တဲ့
ဆေးလိပ်တိုင်းဟာနိုင်ငံရေးချည့်ပဲ။ သောက်ပြီး
ပစ်ချလိုက်တဲ့နေရာဟာလည်းနိုင်ငံရေးပါပဲ။
မိမိဆံပင်ဟာရွှေဝါရောင်။
အဲဒါကိုကနိုင်ငံရေး။
ရွှေဝါရောင်ဆံပင်ကို blond လို့ပေါင်းမလား၊
blonde လို့ပေါင်းမလား။အဲဒါနိုင်ငံရေး။
မိမိဆံပင်ရှည်ထားတယ်။ဟုတ်ပ၊နိုင်ငံရေး။
မိမိခေါင်းတုန်းတုန်းလိုက်တယ်၊ဒါလည်းနိုင်ငံရေး။
အမေရိကန်မှာတစ်ယောက်ယောက်
အသတ်ခံရလို့
မိမိဝမ်းမနည်းတာဟာနိုင်ငံရေး။ အမေရိကန်ဟာ
တစ်ယောက်ယောက်ကိုသတ်လိုက်တာဟာနိုင်ငံရေး။
သတ်ခံရသူဟာဘယ်သူ၊ဘာအသားအရောင်၊ဘာလိင်၊
မိမိနဲ့ဘာတော်စပ်၊အဲဒါတွေဟာနိုင်ငံရေးပဲ။ ခလေးဘဝလို
ခိုကားရာမဲ့ခံစားရတယ်အဲဒီအကြောင်းတွေစဉ်းစားတိုင်း။
မိမိဟာခလေးအရွယ်ပဲရှိသေးတယ်။အဲဒါနိုင်ငံရေး။
ယောက်ျားဖြစ်ပြီးယောက်ျားမပီသတာ၊အဲဒါနိုင်ငံရေး။
ဘောလုံးကစားလို့ဘောလုံးကိုမိအောင်မဖမ်းနိုင်တာ၊
အဲဒါနိုင်ငံရေး။မိမိရဲ့မိခင်ဟာ မိမိကို အိပ်ရာဝင်ပုံပြင်
ညတိုင်းနီးပါးဖတ်ပြတယ်။မိမိရဲ့မိခင် အဲသလိုလုပ်နိုင်တာဟာ
နိုင်ငံရေးပဲ။အဖေ့ပိုက်ဆံတွေဟာအသစ်ချပ်ချွတ်ဖြစ်တာ၊
အဲဒါဟာလည်းနိုင်ငံရေး။တစ်ခုခုကိုသက်သေပြနေတာ
ဖြစ်တယ်။တစ်ယောက်ကမိမိကို ‘အခြောက်’
လို့ခေါ်တယ်။
အဲဒါဟာနိုင်ငံရေးပဲ။မိမိကိုမိမိ ‘အခြောက်’ လို့ခေါ်လိုက်တာ
အဲဒါလည်းနိုင်ငံရေး။တကယ့်ဘဝနဲ့ ခက်ခဲတယ်လို့
ခံစားရတဲ့မိမိဘဝရဲ့ ကွာခြားမှုဟာနိုင်ငံရေး။
မိမိဟာ စာရေးဆရာဖြစ်လာနိုင်မယ်လို့တွေးမိပြီး
အဲသလိုတွေးမိတာကိုကနိုင်ငံရေးပဲ။ မိမိဟာ
နိုင်ငံရေးကဗျာဆရာလို့ မိမိမထင်ပေမယ့်
မိမိရဲ့စိတ်ကူးတွေဟာနိုင်ငံရေးတွေဆန်နေတယ်။
တကယ်ပါပဲ၊မိမိအိပ်မောကျနေခဲ့တဲ့တလျှောက်
လုံးဟာ
နိုင်ငံရေးတွေချည့်ပါပဲ။ ။
Poetry (January 2017) ပါ Jameson Fitzpatrick ရဲ့ ‘I Woke Up‘