အာရုံခံစားမှု perception နဲ့ ဥာဏ်သိမှုပြုလုပ်မှု cognition ကြားမှာ တည်ထားတဲ့ကဗျာတွေဟာ ဆူရီယလ်ဘက်ကဲကြပြီး
ပညတ်/သညာတည်ဆောက်မှု concept formation ဘက်ရောက်လေ သရုပ်မှန်ပုံတူကူးမှုဘက်ကဲလေပဲ။
Pre-cognitive ဥာဏ်သိမှုပြုလုပ်မှုမတိုင်မီ နိမိတ်ပုံနဲ့ ဥာဏ်သိမှု/ပညတ်/သညာတည်ဆောက်မှုနိမိတ်ပုံတွေဟာ ထိရောက်ပေါက်ကွဲမှု အင်အားခြင်း မတူကြပါဘူး။
အာရုံနဲ့ဖွဲ့တဲ့နိမိတ်ပုံနဲ့ ဥာဏ်နဲ့ဖွဲ့တဲ့နိမိတ်ပုံအရွေ့ကို မော်ဒန်ခေတ်ဦးနဲ့ နောက်ပိုင်းခေတ်ပေါ်ကဗျာတွေရဲ့ ကွာခြားမှုအရွေ့တစ်ခုအဖြစ်မြင်မိပါတယ်။ နိမိတ်ပုံဟာအာရုံအသွေးအသားကလာသလား ဥာဏ်ကလာသလားဆိုတာ ကွဲပြားမှုဒီဂရီအားဖြင့် သိသာနိုင်ပါတယ်။
ကောင်းခြင်းဆိုးခြင်း/မှန်ခြင်းမှားခြင်းထက် ရေးနေတဲ့ကဗျာအမျိုးအစား/ပုံစံအတိုင်း ထိရောက်မှုအတိုင်းအဆဘယ်လောက်ရှိ/မရှိကိုပြနိုင်တဲ့ မှတ်ကျောက်တစ်ခုဖြစ်ပါတယ်။
ဆားလမန်း/အက်ရှဘရီတို့နဲ့ LP တွေကွာတာကို ချင့်ကြည့်လို့ရသလိုပေါ့။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။