ကဗျာမှာ form ဆိုတာကို အ ရွေ့ နဲ့ ‘ကစားခြင်း’ လို့ တွေးမိပါတယ် ။ လိုင်းတစ် လိုင်းက နေ နောက် တစ် လိုင်းရဲ့အ ရွေ့အင် နာဂျီလို့ထင် ပါတ
ယ် ။ အဲဒီ ‘အ ရွေ့’ ကိုစလှုပ် စေဖို့၊ အဲဒီအ ရွေ့ နောက် လိုက် ဖို့၊ အဲဒီအ ရွေ့ကိုထိမ်းဖို့။ အဲဒီမှာ ကဗျာပုဒ် တစ် ပုဒ် ရဲ့ တည် ဆောက် ဖွဲ့စည်းပုံ
structure ဟာရုပ် လုံး ပေါ် လာတာဖြစ် တယ် လို့ယူဆမိပါတယ် ။ ကဗျာပုဒ် တစ် ပုဒ် နဲ့တစ် ပုဒ် ကြွဲပားမှုဟာ ဒီအ ရွေ့ကိစ္စနဲ့လုံးဝပတ် သက် နေတယ် လို့ တောင် ထင်မြင်မိပါတယ်။ ကဗျာပုံစံတွေ ကြွဲပားတာဟာလည်း ဒီ အရွေ့ဆိုင်ရာ အင်နာဂျီနဲ့ လုံးဝဆိုင်တယ်လို့တောင် ပြောချင်ပါတယ်။
ဒီအင်နာဂျီဟာ ဘယ် ကလာသလဲ။ အကြောင်းအရာက မဟုတ်ပါဘူး။ ဘာသာစကားနဲ့ အာရုံခံစားမှုတို့ရဲ့ အပြန်အလှန် ဆွဲအား/တွန်းကန် အား ကြော
င့် ဖြစ် ပေါ်တဲ့ တင်းအား/ရုန်းကန်အားက လာတာလို့ကျွန် တော့် ကဗျာ ရေးခြင်းအ တွေ့အကြုံနဲ့ကျွန် တော် ဆင် ခြင် မိပါတယ် ။ အာရုံခံစားမှု –
ဘာသာစကားရဲ့ စကားလုံး/အ တွေး/လမ်း ကြောင်းချပေးမှု- လျှပ် တပြက်’အပွင့် ’နဲ့လမ်း ကြောင်း ပေါ် လာမှုတို့ရဲ့စိတ် /နာမ် အလုပ် လို့ထင်
ပါတယ် ။
အဲဒီမှာစိတ် ကို open အပွင့် ထား နေရတာကိုလည်း သတိထားမိ နေပြန် ပါတယ် လေ။ form ဆိုတာ အဲဒါပဲလို့လက် တွေ့သ ဘော
အားဖြင့် တွေ့ရှိမိပါတယ် ။ တစ်လိုင်းကနေတစ် လိုင်း သစ် ရွက်လိပ် လေး ပုရစ် ဖူးက နေ လိပ် ထွက် ပြန့် ကားလာသလို၊ တစ် ချိန် တည်းမှာဖြစ် နိုင်
ချေလမ်း ကြောင်း တွေကို အာရုံခံစားမှုနဲ့ ချိန် ‘ ရွေးရတာ တွေ။ သြဂဲနစ် သ ဘော ဖြစ် သလို ဖျက် တဲ့သ ဘောလည်းဖြစ် ပါတယ် ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။