မြန် မာပြည် အ ကြောင်း ရေးဖို့ တွေးတိုင်း
ပုံရိပ် တစ် ခုခုထဲ ရောက် ရောက် သွားရသလိုပါပဲ
မြန် မာပြည် ရဲ့ပုံရိပ် မဟုတ် သလို
ကိုယ့် ပုံရိပ် လည်းမဟုတ် ပြန် ဘူး
‘မြန် မာပြည် ‘ ‘ကိုယ် ‘ စတဲ့ဘာသာစကားတည် ဆောက် မှုရဲ့
ပုံရိပ် များလားမသိဘူး
ရိုက် သွင်းထားမှု ထည့်သွင်းထားမှု လွှမ်းမိုး နေမှု
တစ် ခုခုပဲ
အ မေ့မျက် နှာစိတ် ကူးကြည့် ရင်
တမဟုတ် ချင်းအာရုံ တွေအထပ် ထပ် လျှပ် တပြက် ပေါ်လာလို့
ဘယ် အာရုံကိုယူရမှန်းမပြတ် သားနိုင် သလို
အာရံထဲမှာအာရုံ တွေပဲရှိကြတယ်
အဲဒီအာရုံ တွေကိုပဲယုံလိုက် ရမလြိုဖစ် နေပြီ
ပြီး အာရုံ တွေဟာ ရောထပ် လို့ နေကြတယ်
ရေးချလိုက် ရင် ကဗျာဖြစ် နိုင် မှန်းသိ ပေမယ့် 
စဉ်းစားမိတာ ပြောပါတယ်
ကဗျာအ ကြောင်း ပြောပါတယ်။ ။
၁၉ ဇန်’ ၁၇