ငါ့အချစ်ရဲ့ဝီးဒ်ရေ
ငါတို့ ကြားအကွာအဝေးဟာ တစ်ရှိုက်စာပါပဲ
အမာရွတ်မင်းရဲ့ဝတ်ပြုရာမျှော်စင်ကနေ
ငါ့ကိုဝတ်ပြုဖို့
မင်းခေါ်နေပြီလား
အရုဏ်ဦးမှာအဦးဆုံးငှက်များအိပ်မက်တို့ နဲ့ အတူ
မြွေတွေရဲ့လှပတဲ့သရဖူတွေနဲ့ အတူ
ခပ်အုပ်အုပ်ပဲကြားရတဲ့မအိပ်သေးတဲ့သစ်ရွက်တွေနဲ့ အတူ
လေတဟူးဟူးမှာလွန့် လူးတဲ့မြက်ခင်းပြာလှိုင်းတွေနဲ့ အတူတူပါပဲ
မင်းတစ်ယောက်တည်းရဲ့ရေဝဲသံပြိုင်တေး
ရေအောက်ဆင်းငုပ်သူတို့ ရဲ့
မုတ်ကောင်ဟဓါးလိုစွဲမြဲမှုနဲ့ 
ဒါ ဒါး ဒီဒါး ဒါ ဒီး ဒါ
ငါ့သွေးထဲကနုံးဟာသီချင်းဆိုနေပြီ
အဲဒီဝီးဒ်ရဲ့မီးခိုးပြာမှာငါ့ဝိဥာဉ်မင်းကိုငါတွေ့ ပြီ
ဇယလ
၂၆ ဂျူလိုင် ‘၁၆