‘ကဗျာ’ ဆိုတဲ့အခေါ်အဝေါ်ဟာ အတတ်ပညာပေါ်မှာ တည်မှီနေတာဖြစ်ပါတယ်။ ဘာအတတ်ပညာလဲဆိုတော့ အခြားမဟုတ်ပါဘူး။ ကဗျာပုဒ်ပြုလုပ်ဖန်တီးရေးသား
တတ်ခြင်းအတတ်ပညာဖြစ်ပါတယ်။ကဗျာရေးဖွဲ့ မှုအတတ်ပညာပေါ့။ ဒီအတတ်ပညာဟာလူသားတွေတတ်မြောက်ထားကြတဲ့အတတ်ပညာအသီးသီးလိုပါပဲ သင်ယူလေ့ကျင့်ရတာပါ။ မွေးရာပါမဟုတ်ပါဘူး။ကဗျာဆရာဆိုတာကဗျာရေးဖွဲ့ တတ်သူကိုခေါ်ဝေါ်တာဖြစ်ြပီး ကဗျာရေးဖွဲ့ ဖန်တီး
တတ်ခြင်းဟာ ကဗျာဆရာရဲ့ဂုဏ်သတ်မှတ်ချက်ဖြစ်ပါ
တယ်။
၁၉၆၁မှာ ဆရာဇော်ဂျီက ‘ကဗျာ့ပရိယာယ်’ ဆိုတဲ့ အသုံးအနှုံးကို သုံးခဲ့ပါတယ်။ ကဗျာ့ပရိယာယ်ကို ကဗျာ
ရေးခြင်းအတတ်ပညာလို့ ဖွင့်ပြီး ကဗျာဆရာဆိုသူဟာ
သူ့ ရဲ့ကဗျာကဗျာပရိယာယ်ကိုဖွံ့ ဖြိုးတိုးတက်အောင်
ချဲ့ထွင်သင်ယူနေရမှာဖြစ်တယ်ဆိုတဲ့သဘောလည်းတွေ့ ရှိရပါတယ်။
အတတ်ပညာနဲ့ ယှဉ်တွဲလာတာကတော့အသိပညာ
ဖြစ်ပါတယ်။အသိပညာမရှိပဲအတတ်ပညာမရှိပါဘူး။
ကဗျာဆိုတာဘာလဲလို့ ရိုးတိုးရိတ်တိတ်တောင်မသိပဲ ဘာကဗျာမှမဖတ်ဘူးပဲ ကဗျာဆိုတာဒါပါလားလို့ တောင်မသိဘူးပဲကဗျာရေးလို့ မရပါဘူး။ ကဗျာဆရာဟာကဗျာဆိုင်ရာသိမှုဗဟုသုတတွေ စဉ်းစားတွေးခေါ်မှုတွေ ဆင်ခြင်သုံးသပ်မှုတွေ
ကဗျာရဲ့ကြန်အင်လက္ခဏာတွေ အနှစ်သာရတွေ အစရှိတဲ့
သိမှုနယ်ပယ်အဝန်းအဝိုင်းထဲလှုပ်ရှားလည်ပတ်
်ကျင်လည်ရသူဖြစ်ပါတယ်။အဲဒီကျင်လည်လှုပ်ရှားရတဲ့ အဝန်းအဝိုင်းကျဉ်းရင်ကျဉ်းသလောက်ကျယ်ရင်
ကျယ်သလောက် သိမှု တတ်မှုအတိုင်းအဆပမာဏတွေ
ရှိပါတယ်။
ဘာမှမသိပဲရေးလိုက်တာတို့  ဘာမှမတတ်ပဲရေးလိုက်တာတို့ 
ဘာနဲ့ ဘယ်သူ့ လွှမ်းမိုးမှုမှမရှိပဲ စိတ်ထဲရှိတဲ့ အတိုင်း ဒီအတိုင်းကောက်ရေးချလိုက်တာ လို့ ပြောရင် အဲဒီစကားဟာတစုံတရာကို ဖုံးကွယ်ဖို့ သော်၎င်း မိမိကိုမိမိမွေးရာပါပါရမီရှင်ကြီးအဖြစ်မိမိကိုမိမိလှည့်စား
လည်ဆည်ဖို့ သော်၎င်းပဲဖြစ်ပါလိမ့်မယ်။
ကဗျာအကြောင်းပြောရင်ခံစားမှုကိုပဲမီးမောင်းထိုးကြပြီး
အတတ်ပညာကိုတော့ချောင်ထိုးထားတတ်ကြပါတယ်။ ရိုးသားမှုဘက်ကကြည့်ရင် အတတ်ပညာအကြောင်း
မပြောပြတတ်လို့ မပြောတာဖြစ်ပြီး မရိုးသားမှုဘက်
ကကြည့်ရင်အတတ်ပညာရဲ့အရေးပါတဲ့အခန်းကဏ္ဌကို
ချောင်ထိုးထားပြီး ပါရမီရှင်ရဲ့တွေ့ ကြုံခံစားမှုလိုလိုကို
ရှေ့ တန်းတင်လိုက်တာပဲဖြစ်ပါတယ်။
အတတ်ပညာဆိုတဲ့နေရာမှာကဗျာတစ်ပုဒ်ကိုဖြစ်ဖြစ်
မြောက်မြောက်ရေးသားဖွဲ့ စည်းဖန်တီးပြုလုပ်တတ်ခြင်း
ကိုဆိုလိုတာဖြစ်ပါတယ်။ ဘာမှမသိ ဘာမှမတတ်ပဲ
ကဗျာတစ်ပုဒ်ဘယ်လိုရေးတတ်မှာတဲ့လဲ။
လိုင်းဖွဲ့ ခြင်း လိုင်းစီခြင်း လိုင်းကူးခြင်း လိုင်းဖြတ်ခြင်း
စကားလုံးရွေးခြင်း စီခြင်း ချိတ်တွဲခြင်း
အလင်္ကာ နိမတ်ပုံ ပစ္စည်းသုံးခြင်း
မျဉ်းဖြောင့်သဘောဆောင်ခြင်း အကွက်သဘောဆောင်ခြင်း
ဒဲ့ပြောခြင်း ဝေ့ကာဝိုက်ကာပြောခြင်း
ဒါတွေလောက်တောင်မသိပဲမတတ်ပဲ
ကဗျာဘယ်လိုရေးသလဲ။
ဒီနေရာမှာ ကဗျာရေးခြင်းအတတ်ပညာကိုကဗျာပုဒ်
ဖွဲ့ စည်းခြင်းအတတ်ပညာလို့ ကျနော်ဆိုထားပါတယ်။ ရေးနည်းကိုမဆိုလိုသလို ပုံစံခွက်ဆိုတာတွေကိုလည်းမဆိုလိုပါဘူး။
Free form လို့ သာသိထားပြီး Open form တို့ 
Closed form တို့ ရှိကြသေးတယ်ဆိုတာ
လောက်တော့သိသင့်တယ်လို့ ထင်ပါတယ်။
ကဗျာဆိုင်ရာအသိပညာ အတတ်ပညာဟာကမ္ဘာမှာ
ဖွံ့ ဖြိုးခဲ့သလိုမြန်မာကိုလည်းရောက်ရှိခဲ့တာ ခေတ်စမ်းကတည်းကပါ။ ဒီနေ့ လိုအင်တာနက်ခေတ်မှာ ပိုလို့ တောင်များများမြန်မြန်အလျှံပယ်ရောက်ရှိ
နေပါတယ်။ အဲဒီရှင်သန်ဖွံ့ ဖြိုးမှုကိုလိုက်သူရှိသလို မလိုက်သူလည်းရှိပါတယ်။အပြစ်မရှိပါဘူး။ရွေးချယ်မှုပါပဲ။ ဒါပေမယ့် ရေခံမြေခံတို့  သမိုင်းတို့  ပြည်သူတို့ စတဲ့ လှိမ့် လုံးခြောက်လုံးကြီးတွေနဲ့ လာပိတ်ပင်လို့ တော့မရပါဘူး။
ကျနော့်စာတမ်းမှာ ကဗျာရေးနည်းတစ်ခုမှမတင်ပြထားသလိုဘယ်ရေးနည်းကိုရေးဖို့ လည်းတိုက်တွန်းထားတာမပါရှိပါဘူး။
ကျနော်ချိန်ရွယ်တာကကဗျာဆိုင်ရာသိမှုတတ်မှုချဲ့ထွင်မှုပါပဲ။ကိုယ်လုပ်နေတဲ့အလုပ်ပေါ်လေးလေးနက်နက်
်ထားပြီးကိုယ့်ကဗျာရော မြန်မာကဗျာပါဖွံ့ ဖြိုးတိုးတက်ဖို့ ပါပဲ။ ဆရာလုပ်တယ်လို့ ထင်ရင်ဆရာလုပ်တာတော့
မဟုတ်ပါ။ အနေအထားကို ဝေမျှခြင်းပဲဖြစ်ပါတယ်။
တပည့်မွေးခြင်းလည်းဆန္ဒအလျဉ်းမရှိပါ။ ဆရာတပည့်
လို့ ပြောလို့ ရ ရင် ကျနော်ရယ် ကဗျာရယ်ပဲရှိပါတယ်။