ပေကပ်ကပ်နဲ့ ရစ်သီရစ်သီ မင်းလုပ်နေသေးတယ်
လိုက်ပို့ ကြသူတွေတောင် ခွဲခွာစကားတွေ ဆိုပြီးပြီ
ရေအိုးလည်း ခွဲပြီးပြီ။ ရုတ်တရက် လိုအပ်ချက်တွေ ကြီးမား
အဲဒီမှာ ငှက်တေးသီသံ မကြားဘူးလား
လှိုဏ်ခေါင်းဝကို မမြင်ဘူးလား
ငါ့နာမည်ကို ဘာကြောင့် မင်း လှမ်းလှမ်းခေါ်နေရတာလဲ
အဲဒီလှည်းပေါ် အေးအေးဆေးဆေး အိပ်လိုက်သွားလိုက်
အဲဒီမီးလင်းဖိုရှိတဲ့ အခန်းထဲ ဝင်သွားလိုက်
ဘဝကို ဒီမှာချွတ်ခဲ့လိုက်။ မင်းအမြဲလိုချင်ခဲ့တဲ့
ကိုယ်ပိုင်စက်ဘီးလေးဟာ အဲဒီမှာ မင်းကို စောင့်ကြိုနေမယ်လေတစ်ဝှေ့။ လဲကျနေတဲ့ ခုံတစ်လုံး
မင်းပြန်လာဖို့လမ်းကို ငါအမြဲဖွင့်ထားတယ်
ငါ့ဆီက မင်း ဝတ်လစ်စလစ် ဖြစ်သွားပြီ
ဆူးချွန်တွေနဲ့ ဝိညာဉ်
ရေခဲတိုက်လို့ မခေါ်ပါနဲ့  အအေးခန်း
တံတားဆိုတာ
ဟိုဘက်ကို ရောက်ဖို့ပဲ
စိမ်းဖန့်နေတဲ့ သစ်သီးတစ်လုံး
မင်း ငါ့ကို ကမ်းလိုက်တယ်။ ။
ဇယလ