မနေ့ကကိစ္စတစ်ခုမှာအကုန်ခါသွားတယ်
လွတ်လွတ်လပ်လပ်တွေထပ်နေပြီငါ့ကိုလာမပွားနဲ့
ရွှေရင်ကျော်တောင်တော်ရုံတန်ရုံတက်မလာနဲ့
အရမ်းရက်စက်တယ် ကြမ်းတမ်းတယ်
မျိုးရိုးမတူရင်ဖိုက်တာဒီလောကကြီးပဲ
ငါကဘဝကိုအားကိုးပြီးမေးလိုက်တာအဖြေတွေဟာ
စောက်တလွဲချည့်ပဲ အနံ့တွေရတယ်
စဉ်းစားလို့မရတာတွေဟာစဉ်းစားစရာတွေဖြစ်လာပြီ
အခုဒါပြောလိုက်တာမျက်နှာမှာဘုတွေထွက်လာတယ်
ငါတို့ဟာအတွေးအခေါ်မြင့်နေပြီ ဖြတ်ရဲဖို့ပဲလိုတယ်
(လက်ချောင်းငါးချောင်းကားပြီးလက်ကိုတခါခါနဲ့)
ငါ့စိတ်နဲ့ငါသင်ပြီးဘဝကိုမောင်းခဲ့ရတာ
ငါလည်းသူများကိုမစော်ကားဘူးသိတယ်မလား
ငါစောက်ကြောတင်းတဲ့ကောင်တွေရှိသိတယ်မလား
ဟေ့ယောင် ၃၁ဘုံဆိုတာအလကားထားတာမဟုတ်ဘူး
တောင်းလို့မရဘူး အသေတိုးရတာ
အမှိုက်ထက်ဆိုးတဲ့ဘဝ ပစ်ချစရာနေရာမရှိဘူး
ဟေ့ယောင် တုန်းအ သွားတာ
အဲဒီဂျောနဲ့ပြတ်ဖို့
ဆပ်လို့ကုန်တဲ့နေ့ပေါ့ကွာအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့အဲဒီကောင်ကြမ်းတယ် အလျော်အစားရှိတယ်
ဒီကောင်ကိုးတန်းတုန်းကဘောင်းဘီဖင်ဟကွဲနဲ့
အခုကြည့်လေ
သူ့ရဲ့ခန္ဓာထဲမှာသူမရှိတော့ဘူး
အရမ်းရက်စက်တယ် ကြမ်းတမ်းတယ်
ဂျောတော့ပြတ်သွားပြီ။ ။
လွန်ခဲ့တဲ့၅နှစ်က တက္ကစီသမား သူ့ဘေးကပါလာတဲ့လူကိုပွားနေတာ သူ့စကားစိတ်ဝင်စားလို့ ခိုးအသံသွင်းခဲ့တယ် ပြီးပြန်စီရေးချ အဆက်အစပ်တွေလည်း မရှိဘူးဒါပေမယ့် စွမ်းအင်တစ်ခုရှိနေတာသတိပြုမိတယ်
ဇယလ