ထထ ကျောင်းသွားရတော့မယ် လူတောထဲ

ရိုးသားတဲ့သူတွေရဲ့ အပြုံးဟာခံရအခက်ဆုံး
သူတို့ ရဲ့နွေးထွေးမှုလက်ဖဝါးတွေမှာမမြင်ရတဲ့
အဆိပ်လူးဆူးပေါင်းတစ်ထောင်
ဘယ်သူမှမကာကွယ်နိုင်ခဲ့ကြဘူး
ဘယ်သူမှလည်းမပြုံးပဲမနေနိုင်
မြင်ပြန်တော့လည်းလက်ဆွဲမနှုတ်ဆက်ပဲမနေနိုင်
ကူးစက်ရောဂါပဲချစ်စရာငါတို့ မှာကျန်ပြီကော
ချစ်ခင်မှုတွေဟာငါတို့ မှာသွေးလူးလွန်းတယ်
ငါတို့ သွေးအိုင်ထဲကပဲနေလုံးဟာထွက်ရှိလာတာဖြစ်တယ်
သေသွားခဲ့တဲ့တနေ့ ကငါ့ဘဝအကြောင်းနဲ့
ဲ ငါ့ခွေးလေးတင်မီအကြောင်းမင်းကိုငါပြောပြပြီးလား
ခေတ်ကြီးကလည်းဆိုးသကွယ်လို့ မေတ္တာရှင်ဟာ
မေတ္တာရွတ်ရင်းသူ့ လက်ဖဝါးတွေကိုကုတ်နေတယ်
သံသေတ္တာလေးတစ်လုံးထဲမှာငါတို့
ုနေခဲ့ကြရတုန်းကလည်းမေတ္တာမပျက်
သွေးတွေလျက်ခဲ့ကြတာပဲ ရုပ်သံမှာတောင်
အဲဒီဆီးရီးဟာခေတ်စားခဲ့သေးတယ်
new version လို့ ဆိုလိုက်တဲ့ဒီခေတ်မှာ
ညောင်ညိုပင်ပေါ်လေးလံတောင်ပံကြီးတွေနဲ့ 
ငါတို့ သားစားကြူးတတ်ကြပြီပေါ့
သစ်ကိုင်းတွေပေါ်မှာ ဂလန်ဂလား ခုန်ဆွခုန်ဆွ
အလှတရားတစ်ခုခုနဲ့ အဆုံးသပ်ရမလား
ဟောဟိုမှာမြင်တယ်မဟုတ်လား အဲဒါ
နေလုံးကြီးဒရီးဒရိုင်သွေးအလိမ်းလိမ်းနဲ့ 
အိမ်ပြန်ချိန်ပဲပေါ့
မင်းရေကူးတတ်ရင်ဟောဟိုချောင်းထဲသွားခုန်ချ။ ။

ဇယလ
ဒီနေ့ ဘာနေ့ လည်းသိဝူး ဒီနေ့ ပဲ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>