ကံတရားလှလှပပကန်သွင်းလိုက်တဲ့ ပင်နလ်တီဂိုးဟာ ကျွန်တော့်နေ့ စဉ် အိပ်ရာနိုးထနံနက်ခင်းပေါ့ ။
ဘယ်ဘက်သင်းကလဲ မထူးတော့တဲ့ဂိုးလား ချေပဂိုးလား အနိုင်ဂိုးလား အချို့ အတွက်အသက်ရှင်နည်းနိသာရည်း အချို့ အတွက် ကိုယ့်ဘက်လှည့်မဲလာတဲ့အပြုံး ။
ဘ၀တိုးရစ္စတ်တွေပေါ့ အဘိုးကြီးဆန်တီယာဂိုပြန်ပါလာတဲ့ ငါးရိုးကြီးနဲ့  ဓါတ်ပုံတွဲရိုက်ကြ ဘာမှန်းမသိတဲ့ဟာကြီးကို သူတို့ ပဲ ကိုယ်တိုင်ကိုယ်ကျ မိလာသလို နေရောင်ရဲရဲမှာ သွားကြီးတွေဖြဲကြ ။
ဒိုင်တွေဘာတွေဖြစ်လို့  ‘ဂိုး’သွားပြန်ပါပြီခင်္ဗျာ ။ ။
ဇေယျာလင်း ရနံ့ သစ် ၂၀၀၄
(လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကကဗျာ….အခုထိ ‘ဂိုး’ တွေဆက်တိုက်သွင်းကောင်းတုန်း)