န့ လည်ခင်းနွေအလင်းဟာစေ့ထားတဲ့
တံခါးကိုသာသာလေးတွန်းဖွင့်နေတယ်
မကြာမီနှာချေရင်ချေရလိမ့်မယ်
နှပ်ရင်လည်းနှပ်ရလိမ့်မယ်အကြောင်းတရားတွေ
ဖြေရှင်းမရတဲ့ကောင်းကင်ယဉ်ကြောပိတ်ဆို့ မှုလို
အဲဒီအချိန်မှာဘယ်သူတွေဘာလုပ်နေကြမလဲ
ကဆုန်ရဲ့ရင်ထဲကဆုန်ပေါက်ယောက်ယက်ခတ်လို့ နေကြမလား
တော်သလင်းနေထဲပြေးပြီးပုစွန်သေလေးတွေနဲကွေးနေမလား
ဒါဟာအရေးကြီးတယ်လို့ ပြောရရင်ဘယ်သူ့ အတွက်ဘာတဲ့လဲ
ဒသာမသုညသုညတ၀ိုက်မှာငါတို့ ပျော်ရွှင်ကြရတယ်
ဒီလောက်တောင်မှခံစားချက်မရှိရင်ဘာလို့ မုတ်ဆိတ်ထားတာလဲ
အလင်းရေကျဲကျဲမှာနေ့ သစ်ဟာဘာဖါးဥစွဲနေမလဲ
ဘယ်လိုတင်စားမှုမျိုး နဲ့ ပီတိဖြစ်ကြရမှာလဲ
ဘယ်သူ့ စီးပွားမို့ ငါတို့ မီးကိုတိုးကြမလဲ
ဆေးရုံထဲလည်းကျည်ဆံတွေဟာလမ်းကြောင်းတည့်တည့်သွားကြတယ်
မွေးနေ့ ပွဲမှာမွေးနေ့ ရှင်ဟာချိန်ကိုက်ဗုံးကိုဖွင့်လိုက်တယ်
ရေဖျန်းလိုက်သလိုပဲ
ပျင်းရိခြင်းဟာဥသြသံတွေစိုပြေသွားခဲ့ တယ်
ရှင်ခြင်းနာရီဒိုင်ခွက်ထဲမှာ
အိုဘေးကလက်တံတိုနာဘေးကလက်တံရှည်
အံ့သြဖို့ တော့အကောင်းသားငါတို့ မအံ့သြကြတော့တာ
တံခါးဘောင်အောက်ငါတို့ လျှောထွက်သွားကြတယ်
အပြင်မှာလင်းအားကြီး
လို့ ထင်ရတဲ့ပိတ်ကားပေါ်မှာငါတို့ ဝင်တိုက်မိကြတယ်
ပိုးကောင် လိပ်ပြာ ဖလံ တွေနဲ့ အတူ
ငါတို့ ဝါးလုံးကွဲရယ်ကြတာပေါ့ဟားဟားဟားဟားဟား
သေဘေးကဘာတဲ့လဲ
ဇယလ