ဘန်းစတီးန် စာကိုး

ကဗျာရဲ့ လူမှုဆောင်တာဟာ ဖွင့်ဟဖေါ်ပြဖို့မဟုတ်ပဲ ဖွင့်ဟဖေါ်ပြမှုပြုနိုင်ချေတွေကို စူးစမ်းရှာဖွေဖို့ဖြစ်တယ်။
ဘောင်တွေပဲပေါ့ မိမိတို့ ရောက်နေတာထဲပေါ့။
သိမှုစီးကြောင်းမဟုတ်ဘူး ၊ အာရုံခံစားမှုစီးကြောင်း။
ကောင်းတဲ့ကဗျာဆရာတွေဟာ နှိုင်းယှဉ်မှုတွေလုပ်ကြတယ် ၊ တကယ်တော်တဲ့ ကဗျာဆရာတွေဟာ နှိုင်းယှဉ်မှုတွေကြား နှိုင်းယှဉ်မှုတွေ ပြုလုပ်တယ်။

စိပ်မွှာပိုင်းဆမှု သုံးမျိုးမဟုတ်ရင် အစိပ်အမွှာတစ်ခုရဲ့ အပိုင်း ၃ ပိုင်း ––
အဆက်အစပ်မဲ့ခြင်း ၊ အပြည့်မပြောပဲ အပိုင်းတစ်ပိုင်းကို မြှုပ်ထားခြင်းနဲ့ ကြယ်စုကြယ်ဝေးလို စုစည်းခြင်း။
ဘာသာစကားသုံးစွဲသူတွေအတွက် လောကဟာ ဘာသာစကားရဲ့ အဖြစ်အပျက်တစ်ခုဖြစ်သလို ဘာသာစကားဟာလည်း လောကရဲ့ အဖြစ်အပျက်တစ်ခုပဲ။ လောက ကိုယ်တိုင်ဟာ ဝေါဟာရတစ်လုံးဖြစ်တယ်။
နှစ်ယောက်စလုံးမှန်နေရင်တော့ တစ်ခုခုတော့ မှားနေလောက်ပြီ။
သင်ထင်တာနဲ့ ၅ ဒေါ်လာဟာ သင့်ကို ဘာရရှိစေမလဲဆိုတော့ ၂ ဒေါ်လာ ၉၅ ပဲ တန်တဲ့ဟာတစ်ခု။

(The Truth in Pudding မှ)

နှလုံးသားလို့ခေါ်တဲ့
ရထားတိမ်းမှောက် ပျက်စီးသွားမှုတစ်ခု။

(Autopsychographia မှ)

“လှပတဲ့မြစ်တွေကို မှတ်မိတယ်
သယ်သွားမယ့်လှေကိုတော့ မမှတ်မိဘူး”

အထက်ပါစာကိုးဟာ မာရီယာ အီလေးနာ ကွက်စ် ဆီကယူတာ
သူမက ၁၉၆၇ က ဂျူးဒစ်သ် မာလီနာဆီက ယူတာ
ဂျူးဒစ်သ်က ၁၉၄၈ က ဘားတော့လ်တ် ဘရက်တ်ဆီကယူတာ
ဘရက်တ်က ၁၈၀၄ က ဟိုလ်ဒါလင်န်ဆီက ယူတာ
ဟိုလ်ဒါလင်န်က ခေါမခေတ်ကဗျာဆရာ ဆိုဖိုကလီးစ်ရဲ့ `အဲန်တီဂေါန်´ဆီက။

(The Duck Hunters မှ)

ဘော့ဘ်ဖြစ်ရခြင်းရဲ့ အရေးပါမှု

ဘော့ဘ် ပဲရယ်လ်မင်န်အတွက်

ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . .
ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . . ဘော့ဘ်ရဲ့ . . . .

(The Importance of Being Bob မှ)

POEM LOADING . . .

Please  Wait

(POEM LOADING မှ)

ရွေးကောက်ပွဲနေ့မှာ ဒီမိုကရေစီရှိုက်ငိုသံ ငါကြားတယ်။

(On Election Day မှ)

ဒီလိုကဗျာတွေ မွေးဖွားလာဖို့အတွက် ပွန်ပီမှာ
ချော်ရည်တွေဟာ လူတွေကို မြှုပ်နှံခဲ့တာပဲဖြစ်တယ်။

(Pompeii မှ)

ဘယ်သူ့ကဗျာမှ ငါမတုဘူး
ဘယ်သူ့ကဗျာမှ ငါမတုဘူး
ဘယ်သူ့ကဗျာမှ ငါမတုဘူး
ဘယ်သူ့ကဗျာမှ ငါမတုဘူး
ဘယ်သူ့ကဗျာမှ ငါမတုဘူး

(I Will Not Write Imitative Poetry မှ)

ဂျော့ဂ်ျဘွတ်ရှ်ရဲ့ သွေးစွန်းလက်ပေါ်က သွေးတွေဟာ
ငါ အိမ်သာတက်တိုင်း ငါ့ထဲက ထွက်ကျလာတယ်။

(The Sixties, With Apologies မှ)

ငါတကောကောတဲ့ ကဗျာဆရာဟာ တစ်ကမ္ဘာလုံးကို သူ့ကဗျာလို့ပဲမြင်တယ်။

ရထားမှာ ဘူတာလာဆိုက်တယ်။

`ဆန်းသစ်စေ´ထက်ပိုအရေးကြီးတာက `ရှင်သန်စေ´။

မြေကြီးပေါ်ခြေ ၂ ဘက်အခိုင်အမာရပ်နေသူကိုတွေ့ရင် သနားလိုက်ပါ။ သူ့ခမျာ ဘောင်းဘီမလဲနိုင်ရှာဘူး။

ကာရန်မဲ့ဆိုတာ ကဗျာအမျိုးအစားမဟုတ်ဘူး။ ခေတ်နဲ့ မကိုက်ညီတော့တဲ့ အတားအစီးတွေကနေ လွတ်မြောက်ဖို့ ဆော်ဩလိုက်တာပဲ ဖြစ်တယ်။

ဖြစ်နိုင်ချေနဲ့ မဖြစ်နိုင်ချေတို့ ထိပ်တိုက်တွေ့ကြတဲ့ ပန်းပဲဖိုမှာ ကဗျာကိုပြုလုပ်ရတာဖြစ်တယ်။

ကဗျာကို ဘာသာပြန်ခြင်းဟာ ကဗျာလက်တွေ့ကို ဆွဲဆန့်ခြင်းထက် ဘယ်တော့မှ မပိုဘူး။

ဒါဟာ ၀ါကျတစ်ကြောင်းမဟုတ်ဘူး။

ဖတ်သူကို ဘယ်လိုစဉ်စားရမယ်ဆိုတဲ့ ကဗျာမျိုးတွေ မရေးချင်ဘူး။ မတူညီတဲ့ စဉ်းစားပုံကိုပြသတဲ့ ကဗျာမျိုးပဲရေးချင်တယ်။

အတွေ့အကြုံကို (ပြန်လည်)ဖေါ်ပြတာတော့ ထားလိုက်ပါတော့။ အဲဒီ (ပြန်လည်)ဖေါ်ပြချက်ကိုပဲ ဘယ်လိုခံစားရမယ်လို့ ပြောလာရင် တော့ လမ်းထွက်လျှောက်တာပဲပိုကောင်းပါလိမ့်မယ်။

တွေ့ကြုံခံစားမှုကို ဘရက်ကက်တ်ခတ်လိုက်တာနဲ့ အဲဒါဟာ တွေ့ကြုံခံစားမှုမဟုတ်တော့ပဲ တွေ့ကြုံခံစားပုံ  ခံစားနည်းတစ်မျိုးဖြစ်သွား တော့တယ်။

ကြုံကြိုက်မှုနဲ့ ခေါင်းချင်းယှဉ်တိုက်မိမှုရဲ့ ခံစားချက်အလွန်မှာ အထားအသိုလွဲမှားတဲ့ ဆန္ဒရဲ့ ကမ္ဘာ။

ကဗျာရဲ့ အလုပ်ဟာ ၀ါကျဖွဲ့ထုံးကို မြင်းခြံထဲ သွတ်သွင်းဖို့ထက် ဘယ်သူမှ မပိုင်ဆိုင်ရသေးတဲ့ နယ်မြေရိုင်းဆီခြံခုန်ပြေးသွားတဲ့ မြင်း နောက်လိုက်ဖို့ပဲ။

ပဟေဠိနဲ့ အဖြေကိုရောထွေးသလို ကဗျာဆရာနဲ့ ကဗျာပုဒ်ကို မရောထွေးလိုက်နဲ့။

ဘယ်သူကမှ သူ့ကိုသူ ကျွန်းဆွယ်တစ်ခုလိုနေလို့မရဘူး။

သေသူတွေကို စကားပြောခြင်းထဲမှာ ကဗျာမရှိဘူး။ သေသူတွေကို နားထောင်ခြင်းထဲမှာ ကဗျာရှိတယ်။

(How Empty Is My Bread Pudding မှ)

စာတတ်ပုဂ္ဂိုလ်လူငယ်ဟာ သူ့ထိုင်ခုံအတွက် ဘာအရောင်ရွေးရမယ်ဝေခွဲမရဖြစ်နေတယ်။ ဂျူးကပြောတယ် `ကိုယ်မြင်ချင်တဲ့အရောင် မရွေးပါနဲ့ ၊ ကိုယ်ထိုင်ချင်တဲ့အရောင်ရွေးပါ။´

စာတတ်ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလေ့လာနေတဲ့ စာသားမှာပါရှိတဲ့ အမှတ်စက်တစ်ခုကို အနက်ကောက်မရဖြစ်နေတယ်။ ဂျူးကပြော တယ် `အဲဒါဘာမှမဟုတ်ဘူး´ ၊ ပြီး စက္ကူပေါ်ကပ်နေတဲ့ ဖုန်စလေးကို မှုတ်ထုတ်ပစ်လိုက်တယ်။

(The Jew မှ)

အနုပညာလက်ရာရယ်လို့ တိတိကျကျမရှိဘူး။ ရှိတာက အဲဒီလက်ရာပေါ်ပေါက်လာစေပြီး ပြန်လည်ပျောက်ကွယ်သွားစေမယ့် ၊ နှိုင်းဖက် မရတဲ့ လူမှုဝန်းကျင်ပဲ ဖြစ်တယ်။

Conceptual Poetry ဟာ အတွေး/အတွေးအခေါ်/အယူအဆ ကိုယ်ဝန်ဆောင်ထားတဲ့ကဗျာဖြစ်တယ်။

ငှက်တစ်ကောင်အော်နေတယ် ၊ ငါကြားတာက သူ့တေး။

သူတစ်ပါးရဲ့ ယုံကြည်မှုစနစ်တွေနဲ့ မိမိကို မိမိအဓိပ္ပါယ်မသတ်မှတ်ချင်ပါနဲ့။

အငြင်းအခုံထဲက အပေါက်တစ်ပေါက်ဟာ အလင်းစနဲ့ မတူဘူး။

(Manifest Aversions, Conceptual Conundrums, & Implausibly Deniable Links  မှ)

သူများနားလည်ဖို့ ၊ ချီးမွမ်းခံရဖို့ ၊ အဆဲခံရဖို့တွေအတွက်
ကဗျာဟာတည်ရှိတာမဟုတ်ဘူး။
ကဗျာဟာ သူလုပ်စရာရှိတာသူလုပ်ပြီး သူလုပ်နိုင်သလောက်ပဲ သူလုပ်တာဖြစ်တယ်။

)

သာမန်နိုင်ငံရေးသမားတွေဟာ ကဗျာနဲ့ စည်းရုံးပြီး စကားပြေနဲ့ အုပ်ချုပ်တယ်။
ဒိတ်ဒိတ်ကြဲနိုင်ငံရေးသမားတွေကတော့ စကားပြေနဲ့ စည်းရုံးပြီး ကဗျာနဲ့ အုပ်ချုပ်တယ်။

များသောအားဖြင့် ရည်ရွယ်ချက်နဲ့
မုတ်ဆိတ်ပျားဆွဲပါရမီ      ကြားက စပေ့စ်တွေထဲမှာ
ကဗျာဟာ လည်ပတ်လုပ်ဆောင်တာဖြစ်တယ်။ သို့မဟုတ်

ရည်ရွယ်ချက်ရှိတဲ့ (လို့ထင်ရတဲ့)
နေရာကို      ကဗျာဟာ
အစားထိုး/အခြားတစ်ခုနဲ့ဖယ်ရှား/အခြား
ဘောင်တစ်ခုခုထဲ ထည့်လိုက်တာဖြစ်တယ်။

ကဗျာဟာ သူဘာပြောနေတယ်ဆိုတာထက် သူဘာလုပ်နေတယ်ဆိုတာဖြစ်တယ်။

နောက်ဆုံးဘယ်ဘူတာဆိုက်သလဲဆိုတော့
အမှန်တရားကိုယ်တိုင်ဟာ အမှန်တရားကို လက်ခံနိုင်ပါ့မလား။

(Unready, Unwilling, Unable မှ)

ငါ့ကိုနှင်ထုတ်လိုက်ပါ ၊ အဲဒီကို ငါမရောက်သေးဘူး။

(If You Say Something, free Something မှ)

သင်ဟာရောင်းကုန်ပစ္စည်းမဟုတ်တဲ့အတွက် ဆန္ဒပြ
လူယုတ်မာတွေကို လူယုတ်မာတွေနဲ့ အစားထိုးလိုက်တဲ့အတွက် ဆန္ဒပြ
မျှော်လင့်ချက်နဲ့ စ လိုက်တိုင်းစိတ်ပျက်ရမှုနဲ့ပဲ ဆုံးရလို့ ဆန္ဒပြ
ကိုယ့်မှာပြောပိုင်ခွင့်မရှိတဲ့အတွက် ဆန္ဒပြ
ဒီလိုဖြစ်ရမှာ မဟုတ်တဲ့အတွက် ဆန္ဒပြ
ပါဝါဟာ နောက်ဖေးလမ်းကြားတွေရှိတဲ့ နှစ်လမ်းမောင်းဖြစ်တဲ့အတွက် ဆန္ဒပြ
အခြားနည်းနဲ့ပြောလို့မရလို့ ဆန္ဒပြ
ဘ၀ဟာ ပုံပြင်တစ်ပုဒ်ဖြစ်ပြီး ကိုယ်ဟာ ပုံပြောသူဖြစ်တဲ့အတွက် ဆန္ဒပြ

မနက်ဖန်မှာ သင့်ကိုလာဖမ်းမယ့်အတူတူ ဆန္ဒပြ
ဘာမှမဟုတ်ပဲနေတာအချိန်အလကားကုန်လို့ ဆန္ဒပြ
ဓါတ်ဆီမပါပဲ မောင်းနေရလို့ ဆန္ဒပြ
တော်လှန်ရေးနဲ့ လွဲခဲ့လို့ ဆန္ဒပြ
ဒီသီချင်းဆိုချင်လို့ ဆန္ဒပြ

(Strike မှ)

အနုပညာကို ငါ့မှာ ချစ်လိုက်ရတာ . . . သူကျငါ့ကိုလှည့်တောင်မကြည့်ဘူး။

ငါတို့ဘယ်သူဘယ်ဝါနဲ့ ငါတို့ဘာလုပ်ကြတယ်ဆိုတာ ဟောင်းလောင်းပေါက်ဗဟိုချက်ကို ပတ်လျှောက်နေရုံသက်သက်ကျနေတာပဲ။

ကဗျာပုဒ်ဟာ သူ့ကိုသူအမြဲပုံပြောင်းနေတယ်။

Postmodernism = အပြစ်စိတ် နက်ရှိုင်းတဲ့ modernism

ရုပ်ရှင်ကားတွေထဲဖတ်ရတဲ့ နေ့မျိုးပေါ့။

ဂျူးဟာ စာသားတည်ဆောက်မှုဖြစ်တယ်။

အဆင်တန်ဆာမရှိခြင်းကိုယ်တိုင်ရဲ့ အဆင်တန်ဆာ

ဟောဒီမှာ ငါမင်းကိုပြောနေတယ် မအေလိုးရဲ့

ကဲ ငါပြောမှာကိုနားထောင်ပြီလား။

အအေးမိတာ အအေးကြောင့်မဟုတ်ဘူး။

(Recalculating မှ)

နာဗားလ်ရဲ့ “El Desdichado” (`ကံဆိုးသူ´) ကိုမှီး၍

မင်းကိုငါချစ်တယ်။

(Misfortune မှ)

မိုးတွေမရွာခင် ဟိုးကတည်းက ငါငိုရှိုက်နေခဲ့တယ်

(Long Before The Rain, I Wept မှ)

(အီရတ်) စစ်ပွဲဆန့်ကျင်ရေးကဗျာဆရာတစ်ရာ
100 Poets against the War
Edited by Todd Swift

(Cambridge, UK: Salt Pubbshing: 2003)

(Notes & Acknowledgments မှ)


အထက်ပါအားလုံးဟာ
Charles Bernstein: Recalculating (2013) မှ

ဇေယျာလင်း
19 – July – 13

One thought on “ဘန်းစတီးန် စာကိုး”

  • ရှိန်ဝါ says:

    ဆရာ။ နောက်တဆင့် တက်လှမ်း လိုက်တာလား။ ဘန်စတီးန် စာကိုး တော်တော်ကြိုက်တယ်။ ခေတ်ပြိုင်ကဗျာရဲ့ subject matter ကို စောင့်နေပါတယ်။ ဆရာမိုးဝေး ကို ဘယ်သူသုံးသပ်မှာလဲ။ ဖမ်းဆုပ်ကြတာတွေ အားမရ။ ဒါလည်း ဖတ်ချင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>