9/11 ပြီး ချားလ်စ်ဘန်းစတီးန်ရဲ့ တုန့်ပြန်မှု

အောက်ပါစာသားဟာ 9/11 နျူးယောက်တိုက်ခိုက်မှုအပြီးနောက်တစ်နေ့မှာ ချားလ်စ်ဘန်းစတီးန် POETICS archives မှာ တင်လိုက်တဲ့ post ဖြစ်ပါတယ်။ ဘာသာပြန်ခြင်းကလွဲလို့ ကျွန်တော့်စာလုံး တစ်လုံးမှမပါပါ။  (ဇေယျာလင်း)


Date:                 Wed, 12 Sep 2001   23:02:03   – 0400

Reply – To:       UB Poetics discussion group

<POETICS @ LISTSERV. ACSU. BUFFALO. EDU>

Sender:             UB poetics discussion group

<POETICS @ LISTSERV. ACSU. BUFFALO. EDU>

Subject:             ယနေ့ဟာ သင့်လက်ကျန်သက်တမ်းတစ်လျှောက်လုံးရဲ့ နောက်တစ်နေ့ပဲ


ရုတ်တရက်ပဲ ကျွန်တော်တို့တိုက်ခန်းထဲ ပလပ်စတစ်လောင်နေတဲ့ အနံ့ဆိုးကြီးလှိမ့်ဝင်လာတယ် ၊ ကျွန်တော်တို့ မျက်လုံးတွေစပ်လာ တယ်။ အဆောက်အဦထဲက တစ်ခုခုလောင်နေတာလား။ ဘေးအခန်းက လူကပြောတယ် ၊ အဲဒါမြို့လယ်က လာနေတဲ့အနံ့တဲ့။

 

*

မေ – မေ ဘာဆင်န်ဘရူဂါဖုံးဆက်တယ် ၊ သူမအဆင်ပြေပါတယ်တဲ့၊ တိုက်ခိုက်မှုဖြစ်ပွားရာရဲ့ နှစ်ဘလောက်အကွာမှာ ဆက်လက်ရှိနေ ပါတယ်တဲ့။ သူမကို ကျွန်တော်ပြောတယ် ၊ ဘာတွေဖြစ်နေတယ်လို့ ကျွန်တော်စိတ်ကူးကြည့်လို့ မရဘူး။ သူမကပြန်ပြောတယ်။ စိတ်ကူး ကြည့်ဖို့ လွယ်ပါတယ် ၊ ရုပ်ရှင်တွေထဲကလိုပေါ့ ၊ ဒါပေမယ့် တကယ်ခက်တာက ဘယ်လိုမှ နားမလည်နိုင်မှုပဲ။

*

ဆံပင်ညှပ်ဆရာ အင်ဒရူးနဲ့ တွေ့ခဲ့တယ် ၊ ကျွန်တော်တို့တိုက်ရဲ့ လော်ဘီထဲမှာ။ သူနဲ့ ဆံပင်ညှပ်ဖို့ချိန်းထားတဲ့လူတွေ ပျက်ကွက်ကြတယ် တဲ့။        ။

“သူတို့ပြန်လာကြမှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်မိတယ်။´´

 

*

ဘာကလီက သူကယ်ချင်းတစ်ယောက်သတင်းလှမ်းမေးလို့ ကျွန်တော်စာပြန်လိုက်တယ်။ သူ့ဆီက တုန့်ပြန်မှု ချက်ချင်းပြန်ရတယ် ၊ `automated response´ ၊ ဖွင့်ကြည့်လိုက်တော့ ပလာပဲ ၊ ဘာစာမှပါမလာဘူး။

 

*

သားလေး ဖီးလစ်က်စ်ကို သူ့သူငယ်ချင်းအိမ်သွားပို့တယ် ၊ ၇၇ လမ်းနဲ့ အမ်စတာဒမ်ကြားမှာရှိတဲ့ သူ့ကျောင်းရဲ့ လမ်းတစ်ဘက်မှာ။ အဲဒီ ဘလောက်မှာရှိတဲ့ မီးသတ်ဋ္ဌာနရှေ့ကျွန်တော်တို့ နေ့တိုင်းဖြတ်ရတာ။ ဒီနေ့တော့ မီးသတ်ဋ္ဌာန တစ်ခုလုံးမှာ လူတစ်ယောက်မှ မရှိဘူး။ တံခါးဝရှေ့မှာ ပန်းတွေပုံနေတာပဲ။ ကျွန်တော်တို့ ကြက်သီးတောင်ထသွားကြတယ်။ မီးသတ်ဝန်ထမ်း ၂၀၀ နဲ့ ၃၀၀ ကြားအဲဒီ တွင်းန် တာဝါမှာပဲ သေဆုံးသွားခဲ့ကြတယ်လေ။ နေ့လည်ခင်းမှာ ဖီးလစ်က်စ်ကို သွားပြန်ခေါ်တော့ မီးသတ်ရှေ့မှာ မီးသတ်သမား ၁၀ ယောက် ၁၂ ယောက်လောက်ရှေ့မှာ ရပ်နေကြတယ်။ တည်တည်ငြိမ်ငြိမ်ပဲလို့ထင်ရတာပဲ ၊ ရပ်ထားတဲ့ မီးသတ်ကားနှစ်စီးကို ဆေးကြောလို့။ သူတို့ကိုတွေ့ရတာစိတ်သက်သာသွားတယ်။

ပြီးမှကြားသိရတယ် ၊ ဒီမီးသတ်ဋ္ဌာနမှာရှိတဲ့ ၀န်ထမ်း ၃၀ ထဲက ၉ ယောက်ပါသွားသတဲ့။

 

*

ဒီဘေးဒုက္ခဆိုးကြီးကို အများဆုံးနှိုင်းပြောကြတာကတော့ ပုလဲဆိပ်ကမ်းနဲ့ပဲ။ အချို့ကလည်း (ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမန် လေတပ်ရဲ့) လန်ဒန်မြို့ကို လေကြောင်းကနေဗုံးကြဲတာနဲ့ နှိုင်းကြတယ်။ ကျွန်တော်ကတော့ ဒီလိုမမြင်ဘူး ၊ ဖြစ်ခဲ့ပြီး တာတွေနဲ့ မနှိုင်းပဲ ဖြစ်လာမယ်လို့ မျှော်လင့်ထားတာနဲ့ပဲ နှိုင်းနေမိတယ်။ `၅၀ ခုနှစ်တွေတုန်းက မန်ဟတ္တန်မှာ နျူကလီးယားတိုက်ခိုက်မှုဖြစ်ပွားခဲ့ရင် ဘာလုပ်ရမယ်လို့ သင်တန်းတွေ ၊ လေ့ကျင့်မှုတွေတက်ခဲ့ ၊ လုပ်ခဲ့ကြရတယ်။ မူလတန်းကျောင်းမှာတုန်းက ပြူတင်းမှန်နဲ့ တံခါးမှန်တွေ ကို သစ်သားနဲ့ ကာထားတဲ့ ဟောခန်းကြီးထဲ ကျွန်တော်တို့ အမြန်သွားကြဖို့ လေ့ကျင့်ကြရတယ်။ မနေ့ကဖြစ်ခဲ့တာဟာကြီးဟာ ကျွန်တော် တို့ ငယ်ကတည်းက ထိတ်လန့်ခဲ့တာ တကယ်ဖြစ်ခဲ့သလိုပါပဲ။

 

*

စိတ်ပညာရှင်မိတ်ဆွေတစ်ယောက်က တစ်ပတ်လုံး အိုဗာတိုင်ဆင်းရတယ်။ စိတ်ဂယောင်ခြောက်ခြားဖြစ်နေကြသူတွေဟာ စိတ် ခြောက်ကမ်းပါးထဲခုန်ချနေကြတယ်။

`ငါဟာ ပါရာနွိုက်ဒ်ဖြစ်ရင်ဖြစ်မယ် ၊ ဒါပေမယ့် ငါ့ကိုလိုက်ရန်ပြုနေတဲ့ လူတွေတကယ်ရှိကြတယ်။ ´

 

*

သူငယ်ချင်းတစ်ယောက်ရေးပို့တယ် ၊ ဒီကိစ္စဟာ နိမိတ်မကောင်းဘူး ၊ နိုင်ငံရေးသမားတွေ ပြောနေကြတာ  `တစ်လေသံတည်းပဲ´တဲ့

–– ကျွန်တော့်မှာတော့ ဘာအသံမှမထွက်ပဲ စကားပြောဖို့ ကြိုးစားနေတာလောက်ပါပဲ။

 

*

ရုပ်သံက အရာရှိတော်တော်များများပြောနေကြတာကတော့ ဒီကိစ္စအပြီးမှာ မိမိတို့ဟာ ပိုပြီးအင်အားကြီးလာကြလိမ့်မယ်တဲ့။ ဒါပေမယ့် အဲဒီ `မိမိ´တို့ကတော့ ယခင်က `မိမိ´တို့ မဟုတ်တော့ဘူး။ ပိုအင်အားကြီးကြီး ၊ မကြီးကြီး။

 

*

ဂျယ်ရီနဲ့ ဒိုင်ယန်း ရော့သင်န်ဘာ့ဂ်တို့ လာလည်ကြတယ်။ ပြီးခဲ့အပတ်တွေက မော်စကိုလေဆိပ် အခွန်လွတ်ဆိုင်က ကျွန်တော်ဝယ်လာ ခဲ့တဲ့ Stolly အရက်တစ်လုံးကိုအကုန်သောက်ပစ်လိုက်ကြတယ်။

 

*

ပက်ထရစ်က်သို့

ဆန့်ကျင်စရာမကောင်းဆိုးဝါးမှုတစ်ခုမှ မပေးရင် ပရိုဂရမ် ခရဲရှ်သွားလိမ့်မယ်။

 

*

အာရုံရုပ်ဟာ တကယ့်အရှိတရားထက်ပိုကြီးမားတယ်

အာရုံရုပ်ဟာ တကယ့်အရှိတရားကို မယှဉ်နိုင်ဘူး

တကယ့်အရှိတရားမှာ ဘာအာရုံရုပ်မှမရှိဘူး

 

*

ကျွန်တော်တို့ မျက်လုံးတွေ ကျိန်းစပ်နေတာပဲ

Charles Bernstein’s ‘Today is the next day of the rest of your life’

ဇေယျာလင်း
11 – July – 13 

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>