. . . အစီအစဉ်မရှိကြောင်း

လျှာဟာသူ့ကိုသူပြန်ချုပ်နေတယ် ဒီအတောအတွင်းကာလကြီးထဲမှာ `ငါ´ဟာ
လျှိုမြောင်တွေအက်ကြောင်းတွေထဲ ထွန်ရေးခြစ်ခြစ် ကျောက်သားအထစ်ထစ်
ဆိုင်းဘုတ်ကြီးမှာ `ပြည်သူကိုလမ်းခင်းခြင်းအားကြိုဆိုပါ၏´ ဒီနေ့ဟာ ဘာနေ့
ဓနရှင်ဝါဒဆီအသွားဟာသတစ်ခုကြားမိလား ကျေးဇူးတင်ပါတယ် ခင်္ဗျား ဟား ဟား ဟား ဟား
ညာဘက်နံရိုးအောင့်အောင့်နေတာ ရာဇ၀င်တစ်ခုမဟုတ်တစ်ခုနဲ့ ကင်းအောင်နေနိုင်လို့လား
ကင်းကောင်နဲ့ ညစာစားပြီး အင်ပါယာစတိတ်ဘစ်လ်ဒင်ဂ်ထိပ်က သူပြုတ်ကျ
သေဆုံးခဲ့တဲ့အကြောင်း ၀ိုင်နီနဲ့ စမြုံ့ပြန်ရင်း ချစ်သူကို မျက်ရည်လည်ရင်း
ရာဇ၀င်ကို ပြန်လှန်လို့ရ/မရ နာဒါ(နာဒါ ဂေါ်ဒင်န်) ဟာ ဂျပန်က `ပြေင်းပြန်
လှန် နိုင်သော ကံကြမ္မာ´ စားသောက်ဆိုင်မှာ အိပ်မက်လတ်ဆတ်တွေ
မှာစားနေတဲ့ပုံ ဖဘမှာပဲပေါ့ မီဒီယာခေတ်ပေါ့
ကာမအထွဋ်အထိပ်အတုကိုပဲ မစားရ၀ခမန်း အရသာရည်တွေယိုရွှဲလို့
ငါဒီလိုကြွေးကြော်ကြည့်မယ် (=) ငါဒီမှာ ကြော်ငြာဝင်လိုက်မယ်
‘ငါ့ကလိုးန် ငါ့ဒရိုးန် ငါ့ဟော်မိုးန်’
လုပ်သင့်သလားမမေးနဲ့ ၊ လုပ်နိုင်မလား ၊ ဒါပဲပြော ၊ ဒါပဲကြားချင်တယ်
င်ကိုပေါင်ပြီး ပေါင်ကြား ရောင်းစားရတာဆီပဲ တစ်ဝဲနှစ်ဝဲသုံးဝဲလည်လည်
ပန်းနုရောင်နိုင်ငံရေး နဲ့ မိုးသားမည်းကြီးတွေ တပြင်ပြင်
ဘရာဆိုက် 36 C ရဲ့ BRCA 2 ဒဗ္ဗလ် မတ်စ်တက်(က်)တမီ
ပြတ်သွားတာလား ပေါက်သွားတာလား ပြဲသွားတာလား (ဂျိုလီရေ)
အရသာဖုလေးတွေ ဟက်တက်ကွဲသွားတာကိုတော့
ဟောဒီစစ်ပြေးဇုံ (၀ါ) စစ်မက်ဇုံပြင်ပမှာလည်း ကြုံရတတ်ပလေတယ်
လုံခြုံမှုဆိုတာ ထာဝစဉ် ၀တ်လစ်စလစ်ပဲ
`အဲတော့ ၊ အဓ္ဓမပြုခံရတာ ဆန်းသလား
ကိုယ်တိုင်က ဖိတ်ခေါ်နေတာကိုး´တဲ့
တင်းခံငြင်းနေတဲ့ အနေအထားမှာ
အနာကလည်းမကျက် သွေးကလည်းမတိတ်
အချိန်တွေလည်း မကုန်နိုင်ပြန်ဘူးရော ။ ။

ဇေယျာလင်း
5 – June – 13

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>