ပသို့ဆိုစေ ၊ ပန်းတွေလည်း

မလွဲမသွေပွင့်ကြရတာပဲ ၊ ပွင့်နေတဲ့ကြား
တိုက်မိတဲ့ ခလုတ် ၊ ဓါးထုတ်ခုတ်ပိုင်းပစ်လိုက်တယ်။
စိတ်ပလာကျင်းသေတွင်းထဲ ပစ္စုပ္ပုန်အက။
မင်းမှာ ဂတိ ၊ လူမှာသစ်စရာ . . . .
ဖြားယောင်းခံထောင်းလမောင်းကျေလက်မောင်းတွေ။
တရားမဲ့မှုနဲ့ အကြိမ်ကြိမ်ကိုယ်ဝန်ရတဲ့ မျှော်လင့်မိမှု။
အိပ်မက်ထဲမှာ ကိုယ့်အသားစတွေဗုံးဆံတွေလို လိုက်ကောက်ပြန်ဆက်။
ညှို့ပြီး ညှဉ်းပမ်းခြင်းမှာ ရေခဲရိုက်နှလုံးသားရဲ့ ရသရှတသျှတ္တရ။
နောက်ကွယ်မှာ ကြိုးတွေတဲ့ ၊ တစ်မျှင်စီကနေအဆိပ်ပြင်း
ရူးရူးရှဲရှဲ မြေလျှိုးမိုးပျံ ၊ ဝေါဟာရဘဏ်နဲ့ တည်ဆောက်မှုတွေထဲ
ကတ္တား ၊ ကံ ၊ ကြိယာ ၊ ၀ိပဿနာ
နင်းချေဝိသေသနတွေထဲ အဟော ၀တ။ အ,၀ါဟ ၊ ၀ိ,၀ါဟတဲ့။
လူတွေဟာ ချစ်ဖို့ကောင်းပြီး တုတ်တွေဓါးတွေဟာ သစ္စာရှိတယ်။
ကယ်တင်ရှင်အိမ်ကို မီးကွင်းနဲ့ မေတ္တာပို့လိုက်တယ်။
ငါဟာတစ်ကိုယ်လုံးသတင်းအချက်အလက်ဒဏ်ရာနဲ့ ဘုံးဘုံးလဲ
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ငါ့ကိုကျော်ခွသွားကြတယ်။
ဘာလဲ ၊ အရှိတရားတဲ့ ၊ ဓမ္မဓိဋ္ဌာန်တဲ့
ကြားခံအားဖြင့်ပဲ ဖွက်စည်းဖွဲ့စွပ်နေရတာဆိုတော့
ထွက်လာခဲ့ ၊ အခုချက်ချင်းထွက်လာခဲ့
စိတ်နာကျ သငန်ရည်တွေ အဆိပ်ရည်ချိုပြင်းတွေ။
Frame Lock ဖြစ်နေတယ် ၊
ဘောင်တစ်ခုထဲ Lock ကျနေတယ်။
မီးလောင်နေတဲ့ ငါ့ကိုငြိမ်းသတ်ဖို့ မီးတွေနဲ့ ဖြန်းလိုက်တယ်။
လေးစားချစ်ခင်ရပါသော . . . . မိဘပြည်သူများခင်္ဗျား . . . .
ကန်ရေထဲ ကြာဖူးတွေမီးစွဲလောင်လို့
ကန်ထဲက မီးတွေခပ်ထုတ်လို့။ အို . . . စကြာ . . .
ဘာကငါ့ကို ဆောင့်ကိုင်သွန်မှောက်လိုက်သလဲ
သမိုင်းလေပုပ်ဟာ ခေတ်ကြားခတ်သွားတယ်။
အပိုင်းပိုင်းနဲ့ အာရုံခံစားမှု သမ္ဗန္ဓ
နိုင့်ထက်စီးနင်းမှု ဝေါဟာရဗေဒ။
ဘယ်မှာလဲ ၊ ကဗျာ ၊ ဘယ်မှာလဲ ၊ မကူးစက်တဲ့ လောင်ကျွမ်းမှု။
ဒါနဲ့ ၊ မေးစရာရှိလို့ ၊ ဘယ်အချိန်မှာ အပျော်ဆုံးလဲ ၊ ပျော်စရာ . . .
ယောက်ျားတစ်ယောက်အိပ်ယာပေါ်မှာ ခေတ်ပြိုင်ကဗျာဖတ်လို့
မိန်းမတစ်ယောက်ရေချိုးပြီးစ ရင်လျားနဲ့ ယောက်ျားဆီလှမ်းလို့။
သွေးစီး/စည်းခြင်းဟာ ဘယ်မှာငါတို့ . . .။ ။

ဇေယျာလင်း
24 – March – 13

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>