sex toy

မင်းဟာ sex toy ပဲ ၊ ကံ့ကော်ရွာ။
ငါ့အာသာရဲ့ အပိုအတံတစ်ခု ၊ တစ်ပေါက် ၊ တစ်ချောင်း ၊ တစ်ခိုက်၊ တစ်မြိုက်။
ငါ့သွေးသားထဲမှာ ငါ့ကိုယားကျိကျိမင်းအိပ်ပျော်ရင်းမက်နေသံ
မင်းနိုးလာရင် ငါ့အစိပ်အပိုင်းအချို့အလိုတူ shut down သွားကြတယ်
ယန္တယားထဲမှာ ငါ့ကို သံဝါသပြုတာ မင်းပဲ ၊ ကံ့ကော်ရွာ
မင်းရဲ့ ဘရိန်းဆဲလ်တွေမှာ ငါဟာမင်းနဲ့ အထွဋ်အထိပ်အဖန်ဖန်
အထွန့်တက်ရင်းတက်ရင်း အယူအဆလျက်ရင်းဖက်ရင်းနှက်ရင်းအတက်အဆင်း
သိစိတ်ဆီပြန်အပ်လိုက်တဲ့ မနက်ခင်းမှာ
သန္တရသသံဝါသဆိပ်ကမ်းမှာ ကုန်စည်အပြည့်သင်္ဘောတွေနဲ့
ကောင်းကင်မှာ မင်းငါ့ကို မြို့ပြအနုပညာဗိသုကာတွေ ရေးဆွဲနေတယ် ၊ ကံ့ကော်ရွာ။

အနုပညာဟာ ကဗျာဟာ မသိစိတ်ဟာ ဖုံးဖိထားရတာတွေဟာ sex toy ဟာ
Point, Line, Shape, Form, Perspective, လိင်ဘာသာစကားဟာ
လရောင်နဲ့ စွယ်တော် ၊ သစ်ပုပ်နဲ့ အင်းလျား ၊ ကွန်ဘုတ်နဲ့ ခုံတန်းပြာ
ကံ့ကော်ရွာဟာ ချိုများစွာရှိတဲ့ အနုရသသတ္တ၀ါရဲ့ မီးခိုးခန္ဓာ
ချိုတစ်ချောင်းစီဟာ နှလုံးသွေးနဲ့ ဓါတ်စီးထားတဲ့ sex toy စက်ရုံပါ
အဲဒီသွေးရဲရဲ ငါလျက်ရမှ ငါ့သာမန်ဘ၀ဟာ ပညတ်အဓိပ္ပါယ်တောက်စားတယ်။

ငါ့ဘုရားပြိုဘုရားပျက်တွေ မင်းငုံထားတယ် ၊ ကံ့ကော်ရွာ
ငါ့ဂူထဲမှာ မင်းရဲ့ နှာမှုတ်သံက မီးတောက်တ၀င်းဝင်း
အမေဇုံတောနက်ထဲက Emperor လိပ်ပြာအုပ်လိုက်တို့ရဲ့ ပိုးသားခတ်သံ
ရှားရှားပါးပါးအင်းကျားရဲ့ ဂေဟစနစ်မေးခွန်းမျက်လုံးတွေ
လရောင်မှာ ပခုံးပေါ်က ပင့်သက်နဲ့ လျှောကျသွားတဲ့ ဘရာစီယာ
အို . . . ကံ့ကော်ရွာ
စော်လိုစော်လော့ အိုနတ်သား
မင်းရဲ့ အလိုအတိုင်း ငါ့ကိုဖန်တီး/ဖန်ဆင်းပါစေသား

အပြစ်ရှိတယ် ၊ ၀န်ခံတယ် ၊ ငါဟာမွေးရာပါ
ထက်နောက်ထပ်အပိုတစ်ခုလိုချင်လို့
ပြန်းထန်လာတာတွေဖြေဖျောက်ဖို့ နောက်ထပ်အင်္ဂါ ၊ ကံ့ကော်ရွာ။
ကဗျာအတွေးစတိုင်းဟာ sex toy နိုးထတာပဲ ၊ ကံ့ကော်ရွာ။
ငါ့သွေးကို ငါပြန်အမဲလိုက်တယ် မင်းကိုသုံးပြီး ၊ ကံ့ကော်ရွာ။
sex toy တ၀င်းဝင်းထဲမှာ မင်းနဲ့ငါ့ခြေဆင်းတစ်ခုလို နိုးထလာကြတယ်
ကံ့ကော်ရွာ . . . (ခင်အောင်အေးကိုလည်းပြောပေးပါ)
ငါဟာ ဘယ်တော့မှ မအိုမင်းတော့ဘူး။

“ဟေ့ . . . ကဗျာရေ
ငါဟာ ကံ့ကော်ရွာဆိုတဲ့ အတံပဲ
မင်းလက်ထဲမှာ ငါဟာ အခုအခံကင်းကင်း
ငါဟာ မင်းရဲ့ပကတိ sex toy ပဲ။ ငါဟာ . . . ´´

ဇေယျာလင်း

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>