သီချင်း

လျှပ်စစ်လွန်နဲ့ နံရံကို ထွင်း ထွင်း ထွင်းနေတဲ့ အသံ ထွင်း ထွင်း ထွင်း။
ရပ်။ ငှက်မည်း ၅ ကောင်နောက် ငှက်ဖြူ တစ်ကောင် ညနေကောင်းကင်
မိုးရွာထားလို့ရွှဲစိုနေတဲ့ ကောင်းကင်ပေါ် သံချွန်လိုခြစ်သွားတယ်။ ထွင်း။
မြေပြင်ပေါ်မှာ ဆာလောင်မှု တစ်ခုလိုအရာဟာ သူ့အရိပ်ကိုသူတရွတ်ဆွဲ။
မိမိတို့အမီရောက်လာတယ်။ မိမိတို့မမီလိုက်ဘူး။ ဘာမှမမီတော့ဘူး။
ဆန္ဒကြိုးခွေကိုပြန်လိပ်ပြီးမှ မြောင်းထဲပစ်ချလိုက်တယ်။ နံရံပေါ်
ပြေးတက်သွားပြီး ခြေသည်းကုပ်ဝင် ၊ အပြစ်တင်အကြည့်အဆိပ်တွေနဲ့။
တရားမျှတမှုသံဆူးချွံနဲ့ အိတ်ထဲက မိမိတို့ကို ထိုးထိုးဆွတယ်။ အချွံနဲ့။

ကျွန်တော်အလုပ်လုပ်ပေမယ့် ကျွန်တော့်ကို ခုတ်ထစ်တယ်။ ဟုတ်ပြီလား။
ကျွန်တော်ဟာ ဂတိတည်မှ ကြိုက်တယ်။ အိုကေနော် ၊ ဂွဒ်နိုက်တ်ဂွဒ်နိုက်တ်။
ခြုံပုတ်ထဲခေါ်သွားပြီး မဖွယ်မရာကို မဖွယ်မရာနဲ့ ထိုးတယ်။ ဒါပေါ့။
ဘေးဘီတစ်ဝိုက်မှာ ကြယ်တွေတဖြုတ်ဖြုတ်ကြွေ။ ဖြုတ်တွေ ထ ထကိုက်။

ထိရောက်မှုတစ်ခုနီးပါး။ အနီးအပါးမှာ ငတ်မွတ်ခေါင်းပါးမှု။ စစ်ပွဲ။
ဆင်းရဲနွမ်းပါးမှု။ အာဏာရှင်စနစ်။ ဒီမိုကရေစီလှုပ်ရှားမှု။ သံကြိုး။ ဆူးချွံ။
ရာသီဥတုရောင်နီသန်းစမှာ ရောင်နီပဲသန်းနေတာ။ အစရဲ့ သိပ်သည်းဆ။
ဆားငံရေလယ်ကွင်းထဲမှာ ဗျိုင်းရုပ်တစ်ကောင်ထိုးထားသလိုမိမိဘ၀။

ဝေါဟာရအသစ်အသံထွက်ကြည့်ဖို့ အသံစမ်းချိန်ရောက်ပြီပေါ့။
ကြေးနန်းကနေသတင်းတစ်ခုေ၀၀ါးဝင်လာတယ်။ အမြန်လာပါဆိုလား။
မိမိတို့မှာ ဘယ်သောအခါမှ ဘာမှ စုံစုံလင်လင်မရှိခဲ့တဲ့ ကိရိယာ။
ကြယ်ကြွေတွေကောက် ၊ ကိုယ့်နဖူးကပ် ၊ ကိုယ့်ဒူးကပ် ။ တံတွေးနဲ့ပဲ။

အကြွင်းအကျန်ကို ထိုးဆွကြည့်နေတဲ့ တစ်ချက်တစ်ချက်မီးပွင့်သံ။
မိမိကိုသူမစုပ်ယူပစ်လိုက်တယ်။ ရောဂါတစ်ခုတောက်လျှောက်ထွန်းတောက်။
ခေတ်ပြောင်းလေယာဉ်ဟာ လေယာဉ်ကွင်းမှာ ကတိအတိုင်းရောက်လာတယ်။
ဆူနာမီရိုက်ထုတ်လိုက်တဲ့ တစ္ဆေသင်္ဘောဟာ ကိုယ်တို့ကို စိုက်ကြည့်လို့။ ။

ဇေယျာလင်း
5 – June – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>