မိမိခံစားရတာတွေ မိမိအသိဆုံးပဲ မိမိညာဘက်လက်ခလယ် တစ်ချောင်းတည်း တစစ်စစ်ကိုက်နေတယ် မိမိရင်မခုန်ခင် အသက်ရှူတစ်ချက် မှားတတ်တယ် မိမိမှတ်ဥာဏ်ဟာတဖြေးဖြေး ယိုယွင်းလာနေတာ သိသိသာသာပဲ မိမိနိုင်ငံရေးကို စိတ်လည်းဝင်စားတယ် စိတ်လည်းမ၀င် စားဘူး မိမိအောင်မြင်ချမ်းသာကျော်ကြားချင်သလားဆိုတော့ မသေချာဘူး မိမိမလွဲမသွေလုပ်စရာရှိတာတွေကို မိမိမလွဲမသွေပြုလုပ် တယ် မိမိစိတ်မ၀င်စားလို့ မိမိသိမှုထဲရောက်မလာတာတွေအများကြီးပဲ မိမိကိုယ်မိမိတိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနိုင်ပါ့ မလား မိမိကိုမိမိဘာသာစကားက ထိမ်းချုပ်ထားတယ် မိမိအူအတက်ခွဲဘူးတယ် မိမိအသည်းကွဲဘူးတယ် မိမိလိုချင်တာတွေမိမိမရတာ များ တယ်မိမိဟာ ကံမကောင်းတတ်ဘူး မိမိအချစ်ကို မယုံကြည်တော့တာကြာပေါ့ မိမိတစ်ကိုယ်လုံးမှာ မှဲ့နီတွေအများကြီးပဲ ၊ အရေပြား ကင်ဆာလား မိမိဟာ CFS ဆိုတဲ့ ပင်ပမ်းလွန်နွမ်းချိမှုရောဂေါဖြစ်ဘူးတယ် မိမိအကြောတွေ မကောင်းတော့ဘူး မိမိဟာ လူမုန်းများတယ် မိမိသိမှုပါရာဒိုင်းဟာလည်းကြီးလိုက်သေးလိုက်ပဲ မိမိ . . . .
တွေ့ကြုံမှုတစ်ခုဖြစ်ပေါ်လျှင်
၁။ ။ ကြုံဖူးသည့် မှတ်ဥာဏ်လမ်းကြောင်းဆီ ပြန်သွားသည်။
၂။ ။ မှတ်ဥာဏ်သစ်ဖြစ်စေရန် လမ်းကြောင်းသစ် ဖေါ်ဆောင်သွားသည်။
၃။ ။ ဖြစ်ပြီးပြီးချင်းပျောက်ပျက်သွားသည်။
Dimethylpolysiloxane သည် လေပွလေထခြင်းကို ပျောက်ကင်းစေသည် ရှီချီပင်းသည် တရုတ်သမ္မတ ဟူကျင်တောင်၏ အရိုက်အရာကိုဆက်ခံမည် စိုးစံဝင်းရဲ့ ကာတွန်းထဲမှာ
ကောင်မလေးကပြောတယ် `ပုံပြောတာမလိုချင်ဘူး ပုံပေးတာပဲလိုချင်တယ်´တစ်ရက်ကို 1000 Download လုပ်လို့ရတယ် ၄နှစ်အရစ်ကျငွေပေးချေစနစ်ဖြင့် စတင်ရောင်းချပါမည် နွေစပါးစိုက်ပျိုးသူများချေးငွေပြန်ဆပ်ရန် အခက်ကြုံလျှက်ရှိ ဇီဝမျိုးစုံမျိုးကွဲ/ကမ်းရိုးတန်းဇုံကဏ္ဍ/စွမ်းအင်ပို့ဆောင်ရေး/ရေအရင်းအမြစ်/ဆင်းရဲနွမ်းပါးသူများ မုံရွာတစ်မြို့လုံး ကြားခဲ့ရသည့်ပေါက်ကွဲသံကြီးကို မုံရွာနှင့် မိုင် ၃၀ ၀န်းကျင်ရှိ အရာတော် ၊ ဘုတလင် ၊ မြင်းမူ ၊ ကနီမြို့နယ်များကပါ ကြားသိခဲ့ရကြောင်း `သူ . . လေဆာသုံးပြီးတိုင်း ကျွန်မ . . . ဘာလုပ်မယ်ထင်သလဲ . . .´ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်ဟွာသတင်းဋ္ဌာနကမူ တရုတ် နယ်စပ်တွင် မြန်မာပြည်တွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူမရှိဘဲလာရောက်လည်ပတ်သူများသာရှိကြောင်း Olympus digital imaging technology သည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာသိမှုကို မြှင့်တင်ပေးသည် သမိုင်းအချင်းချင်းစကားမ ပြောဘူး ယဉ်ကျေးမှုအချင်းချင်းစကားပြောတယ် ရာသီပန်းပွင့်ချိန်တွင် အမျိုးသမီးများ၏လိင်စိတ်ပိုမိုထကြွကြောင်းတွေ့ရှိ No ကို YES ပြောင်းဖို့ဘာလုပ်ဖို့လိုသလဲ လူအများလက်ခံတဲ့ ကဗျာတွေပဲရေးရ ၊ တွေးရမယ်ဆိုတာကို ရောမန္တိက ကဗျာဆရာတွေ စတင်ပယ်ရှားခဲ့ ၂၀၀၅မှာ တုပ်ကွေး A ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအရွေ့ကြောင့် AH5N1 ငှက်တုပ်ကွေးပေါ်ပေါက်လာခဲ့တယ် . . .
ဇေယျာလင်း
20 – Feb – 12