ဆိုးဝါးတဲ့ အစိုးရသစ်

အချစ်ရေ၊ ဘာမှမရှိတဲ့ တိုက်ခန်းထဲမှာ ကျွန်မစိတ်ထဲနိုးလာတာ
ဆိုးဝါးတဲ့ အစိုးရသစ်ပဲ။ ချမ်းလိုက်တာမှ အေးစက်နေတာပဲ
ရေခဲသေတ္တာထဲမှာလည်း ပလာဟာ ဒုံရင်းပဲ ကျွန်မနှလုံးသား၊ အဲဒီ
မူးယစ်ဆေးစွဲနေတဲ့ကောင်၊ ဟာ ဓါတ်ဆီဟောင်းနဲ့ပဲ ဆက်ခုတ်မောင်းနေတယ်
ဝရူး(မ်)၊ ဒီနေ့ကို ကျွန်မ စလိုက်တယ်
ပင်ပမ်းနွမ်းနယ်နေတဲ့ မော်တော်ဆိုင်ကယ်မောင်းသူလို
ကျွန်မအမြန်မောင်းချင်တယ် ပြီး . . . အောက်ပါပျော်စရာကောင်းတဲ့
အနေအထားတွေအကြောင်း ရှင့်ကို အီးမေးလ်ပို့ချင်တယ် ––
စောစောစီးစီးနှင်းဆီဖူးတွေ၊ မွေးနေ့ပွဲတစ်ခု၊ ကိတ်မုန့်ဖုတ်နည်းသစ်
ဒါပေမယ့် ဒီနေ့တော့ ရေနွေးပုလင်းတွေနဲ့ ခိုးခြံချွေတာမနက်စာနဲ့
ကျွန်မပေါင်မုန့်မီးကင်ဟာ ကန့်ကွက်ဆန္ဒပြမှုနဲ့ တူးခြစ်သွားခဲ့တယ်
ရှင်ကတော့ဒီမှာ မရှိတော့ဘူးပေါ့၊ ဒါပေမယ့် ရှင်ဟာ
ကျွန်မထဲမှာ ဆက်လက်ရှိနေပါသေးတယ် ယောက်ျားမီးသီးလေးတစ်လုံးလို
ကျွန်မရဲ့ အခန်းတွေ လင်းနေအောင် ထွန်းပေးတယ် မကြာခင်ရှင့်ကို
ကျွန်မဖုန်းဆက်ပြောပြဦးမယ်၊ သိလား ၀န်ကြီးချုပ်သစ်အကြောင်း၊
ပူပန်စရာ ဖစ်ပေါ်ပြောင်းလဲမှုသစ်တွေအကြောင်း၊ ကျွန်မရဲ့
ပထမဆုံးနိုင်ငံရေးကဗျာ ကျွန်မဘယ်လိုရေးနေတယ်ဆိုတဲ့အကြောင်း
အဲဒါဟာ (အမြဲတန်းပါပဲ) ရှင့်ကို ကျွန်မချစ်တဲ့အကြောင်းလည်း ဖစ်ပါတယ် . .

(Poetry Review: Autumn 2011 မှာ ပါရှိတဲ့ Emily Berry အယ်မလီဘယ်ရီ ရဲ့ `Bad New Government´ကို ပန်ဆိုတာ ဖစ်ပါတယ်။)

ဇေယျာလင်း
27 – Dec – 11

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>