ငါ အင်္ဂလိပ်စာ မတတ်သေးဘူး
ငါ အင်တာနက် မတတ်သေးဘူး
ငါ စာမေးပွဲ မဖြေရသေးဘူး
ငါ့ကိုကမ္ဘာကြီးထဲ ဆွဲမသွင်းနဲ့
ငါ့မှာ အ၀တ်အစား မရှိသေးဘူး
ငါ့မှာ အပျော်အပါး မရှိသေးဘူး
ငါ့မှာ ပြောစရာစကား မရှိသေးဘူး
ငါ့ကိုကမ္ဘာကြီးထဲ ဆွဲမသွင်းနဲ့
အဲဒီမှာ ငါ့ရွာလေး မရှိဘူး
အဲဒီမှာ ရွာနောက်ဖေးက ၀ါးရုံလေးမရှိဘူး
အဲဒီမှာ ၀ါးလုံးခေါင်းထဲသာတဲ့လ မရှိဘူး
ငါ့ကိုကမ္ဘာကြီးထဲ ဆွဲမသွင်းနဲ့
ငါ့မှာ ဘာမှမပြင်ဆင်ရသေးဘူး
ငါ့မှာ ဘာမှမပြည့်စုံသေးဘူး
ငါ့မှာ အချိန်မတန်သေးဘူး
ငါ့ကို ကမ္ဘာကြီးထဲ ဆွဲမသွင်းနဲ့
ငါ့ကို ကမ္ဘာကြီးထဲ ဆွဲမသွင်းနဲ့
ငါ့ကို ကမ္ဘာကြီးထဲ ဆွဲမသွင်းနဲ့
ငါ . . ကမ္ဘာကြီးကို မလိုအပ်ဘူး။ ။
ဇေယျာလင်း
၂၆ ၊ ဇွန် ၊ ၂၀၀၉