မနက်က ဖြစ်ခဲ့တာတွေ

မနက်စားပွဲပေါ်မှာ စစ်ဆင်ရေးတစ်ခု ဒီမှာကြည့် ငါတို့မှန်တယ် ကာဖ်ကာရဲ့ အဆိုတစ်ခုသင့်ရဲ့ရောဂါကာကွယ်ရေးစနစ်ကို ချေးချွတ်ပါ အိုမင်းခြင်းကို တိုက်ဖျက်ပါ

မနက်က ဆဲလ်တွေစားပွဲပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှမရှိကြောင်း တကယ့်လူနာဆီကထုတ်ထားပြီး ကလုန်းထားတဲ့ MCF-7 ဆဲလ် တွေပန်းကန်ပြားထဲမှာ ဆီမစမ်းရသေးတဲ့ မန္တလေးမုန့်တီလိုပဲ ယာယီကောက်ချက်ချ သွေးစစ်အမြန် ဆောက်တည်ရာ မရသေးတဲ့ ဗုဒ္ဓံ သရဏံတွေ ရေတံခွန်လို စီးကျညှိုး

မနက်က မရောရာမှု ဟိုက်ဇင်ဘာ့ဂ် ဘေးမှာ ပထမဆုံးဆေးလိပ် သဘာဝကျစွာ နာမကျန်းအဓိပ္ပါယ် ကြည့်ခြင်းဟာ အကြည့်ခံအဓိပ္ပါယ်ကို အဓိပ္ပါယ် ပြောင်းသွားစေတယ် အလင်းတစ်မျိုး မေ့ဆေးပေးထားတယ် သားအိမ်ထုတ်တယ် ထွက်နေတဲ့ အမှတ်တမဲ့ပါပဲ အလွယ်တကူ ဖျက်ချလိုက်တဲ့ ဟင့်အင်း ဒီနေ့ ဘယ်မှမသွားဘူး အိမ်မှာပဲ လက်နက်အပြည့်အစုံ အမျိုးသမီး လူနာရှင်တွေကို နေ့လည်မှာ tamoxifen ၂၀ မီလီဂရမ် ညနေမှာ melatonin ၂၀ မီလီဂရမ် အဆိပ်အတောက် ဘေးထွက်သက်ရောက်မှု မတွေ့ရှိ ပတ္တမြားအနက်ချော် ခဲပျော်စ သစ္စာတရားဟာ မျက်နှာများတယ်

မနက်က ဘာသာပြန် အမှားအမှန်ဟာ စားပွဲပေါ်မှာ သစ္စာတရားမှာ မျက်နှာများစွာရှိတယ် မေတ္တာနဲ့ ပတ္တမြားနံ့ရဲချင်တဲ့ ပန်းတွေနှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ခြင်းထဲ အယ်လ်ဖါလှိုင်းတွေ တစိမ့်စိမ့် ထိုးဖေါက်ဝင်ရောက်လာ အသက်ရှူမမှန် အသည်းဟာ အလုပ်ထွက်သွားတယ် ကောင်းကင်ဟာ `ရိုးရိုးသားသား´ လင်းနေတာ မျက်နှာများတယ် ဓါးနဲ့ မွှန်းတဲ့ အိနြေ္ဒအပြုံး အစဉ်အလာ ကုထုံးနဲ့ မကြာမကြာ ခရီးထွက်

မနက်က အဆုတ်လိုက် အဆုတ်လိုက် စားပွဲပေါ် ဇရာနင်နေတဲ့ အယူအဆတစ်ခု ရိုးတံပေါ်မှာ ကိုယ်ခန္ဓာတွင်း ဇီဝနာရီလက်တံ ၁၈ချောင်း ယိုယွင်းလာဆဲလ်အမြှေးပါးတွေမှာ နေမထွက်တော့ဘူးလား အလင်းတိုင်းတာမှု တစ်ယူနစ်မဟုတ်ရင် အမှောင်ခန်းပဲ အရောဝင်စရာရှိ အဖုအထစ် အဖြေရှိသလို ဟုတ်လား အဲဒီအပြင်မှာတဲ့လား တကယ်ရှိသတဲ့လား ရှိပြီး သားစိမ်းငါးစိမ်း ပုစ္ဆာ ပါးစပ်နဲနဲဟပါ အာခေါင်မိုးထဲ အပ်ကောက်ကို အဆုံးအထိ အငှားတွက်သလို နှလုံးရဲ့ စူးရဲမှောင်ကျသွားတာ ဒီထက်လည်း မပြောတတ်တော့ဘူး မပြောတတ်တာရှိရင် တိတ်ဆိတ်မှုနဲ့ပဲ ပြောရတယ် သင့်မှာ စိုစွတ်တဲ့ မျက်လုံး ခြောက်သွေ့တဲ့ ခံတွင်း ဖေါင်းလာတဲ့ ၀မ်းဗိုက် သာမန်ရေပဲ သောက်ရတဲ့ ကြွက်တွေ တစ်လအကြာမှာ တစ်ကောင်ပြီးတစ်ကောင် သေကြတယ် အချိန်စာရင်းနဲ့ အံကိုက် ပျမ်းမျှ ဘ၀ပျော်ရွှင်မှုသက်တမ်း ၇၅၂ စက္ကန့်

မနက်က ဆက်သွယ်မှု မရတဲ့ စားပွဲပေါ်မှာ အသိဖိအားနည်းရပ်ဝန်းဒေသတစ်ခု လမ်းပြမှုလို သံလိုက်ဟာ သင့်ခန္ဓာအိမ်မြှောင် ရပ်နေတဲ့ နေရာမှာပဲ စိတ္တဇရွေ့နေတယ် မတော်တဆဟာ မပေါ့ဆဘူး ဗုဒ္ဓံသရဏံပန်းတွေဟာလည်း မျက်နှာများတယ် ပန်းအိုးနှုတ်ခမ်းမှာ နေကလေး သာနေတယ် နေဟာ ငါ့သူငယ်ချင်းပဲလို့ ဦးခင်မောင်ရင် ဖုန်းမှားနေပါတယ် လိုင်းကျနေပါတယ် ဆာဗာဒေါင်းနေပါတယ် အဆိပ်တွေပဲ စားရတယ် ဆေးလည်း အစာပဲ ဘ၀မှားနေပါတယ် ပစ်ကူသံဟာ လျစ်လျူမှန်နေတယ် ဒီညကစပြီး နှစ်နှစ်ခြိုက်ခြိုက် ဘုရားသခင်ဟာ မူပိုင်ခွင့်ကို ကိုင်ထားတယ် ဦးဏှောက်ရှေ့ပိုင်းဖုကို ဖြတ်ထုတ်သင့်ရင်

မနက်က သင့်အသက်အန္တာရာယ်နဲ့ ကစားနေတဲ့ စားပွဲပေါ်မှာ အသံထွက်အမှန်က ဘင်ဇိုဒိုင်ယာဇပီးန် ရထားပေါ် အိပ်သွားဖို့ အင်တီရို ဂရေ့ဒ် အဲမ်နီးဆီးယားဆိုတဲ့ မှတ်ဥာဏ်မေ့ပျောက်မှုတစ်မျိုးနဲ့ ဒီမနက်ဟာ အခန်းတစ်ခုဖြစ်ရင် ဒီအခန်းထဲ မနက်ဘယ်နှစ်ခု ဆန့်မလဲ နှစ် ၄-၅-၆၀ ဟာ ခုနကလိုပဲ ဟောဒီပုံစံထဲမှာ အချက်အလက် အတိအကျ ဖြည့်ပေးပါ ရေမှန်မှန်တိုက်ပါ ညနေမှာ round လှည့်မယ် ဘာမှ မစဉ်းစားနဲ့ အရိုးခြင်ဆီထဲ ရှိကြတဲ့ stem cell တွေဆီ granulocyte – macrophage colony – stimulating factor GM – CSF က သတင်းပို့ပါလိမ့်မယ် ယုံကြည်ပါစိတ်ချပါ

မနက်က တစ္ဆေသင်္ဘောစားပွဲပေါ်မှာ စက်တွေပိုက်တွေထဲက အလင်းတွေ တစ်အောင်စနှစ်အောင်စ အမှောင်တွေ မြို့လုံးကျွတ် ထိုးဖေါက် ၀င်ရောက်ရှာဖွေစစ်ဆေးမှု သူတို့သေချာချင်တာက ဖြစ်နိုင်ချေ အကျိုးသက်ရောက်မှုတွေ ထင်ထင်ရှားရှား မြင်ရဖို့ ပုံမှန်အလုပ်လုပ်နေတဲ့ သံသယနှလုံးတစ်ခု မရှိတော့ရင် အရောင်မပါတာ တစ်ခုခုနဲ့ အစားထိုးလိုက်
မနက်က ပင်လယ်တစ်ပြင်လုံး မှောက်သွားတဲ့ စားပွဲပေါ်မှာ ဝေလငါးပြာကြီးတစ်ကောင် ကြိုးနဲ့ တုပ်ထားတယ် ဆိပ်ကမ်းမြို့လေးတစ်ခု စားပွဲအောက်မှာ ကျကွဲနေတယ် အမှန်တရားဟာ မျက်နှာများတယ် ဗုဒ္ဓံသရဏံတွေ ဆွံ့အ မနက်က အလင်းကို တွန်းလှည်းပေါ် တင်သွားတယ် မနက်က ပတ္တမြားအနက်ချော်ခဲ မနက်မကူးလိုက်ဘူး မနက်က ကိရိယာတွေ မနက်ကပဲ အခြားစားပွဲတစ်ခုပေါ် ရွေ့သွားတယ် မနက်က အလုပ်များတယ် မနက်က အဆုတ်ရပ်သွားတယ် . . ။ ။

ဇေယျာလင်း
3 – Oct – 2007

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>